ဧကရာဇ်မင်းထံပေါလုအယူခံခြင်း
၂၅
၁ ဖေတ္တုသည်ထိုနယ်သို့ရောက်၍သုံးရက်ကြာ သောအခါ ကဲသရိမြို့မှယေရုရှလင်မြို့ သို့တက်သွား၏။-
၂ ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ပြစ်မှုအမျိုးမျိုး ကိုပေါလုကူးလွန်ခဲ့ကြောင်းဖေတ္တုအား စွဲချက်တင်ကြ၏။-
၃ သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-
၄ ဖေတ္တုက ``ပေါလုအားအစောင့်အကြပ်နှင့် ကဲသရိမြို့တွင်ထားရှိ၏။ ငါကိုယ်တိုင် ထိုမြို့သို့မကြာမီသွားမည်။-
၅ သင်တို့၏ခေါင်းဆောင်များသည်ငါနှင့်အတူ လိုက်၍ ပေါလု၌အပြစ်တစ်စုံတစ်ရာရှိလျှင် စွပ်စွဲချက်များကိုငါ့ထံတင်ပြကြပါစေ'' ဟုဆို၏။
၆ ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။-
၇ ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။-
၈ ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
၉ ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။
၁၀ ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-
၁၁ အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
၁၂ ထိုအခါဖေတ္တုသည်မိမိ၏အတိုင်ပင်ခံ အရာရှိများနှင့်တိုင်ပင်ပြီးနောက် ``သင် သည်ဧကရာဇ်ဘုရင်ထံအယူခံသဖြင့် ဧကရာဇ်ဘုရင်ထံသို့သွားရမည်'' ဟု ဆို၏။
ဖေတ္တုသည်အဂြိပ္ပမင်းကြီးအား ပေါလုအကြောင်းပြောပြခြင်း
၁၃ ကာလအနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ် တို့သည် ကဲသရိမြို့သို့ရောက်နေသော ဘုရင်ခံဖေတ္တုအားနှုတ်ဆက်ရန် ကဲသရိ မြို့သို့လာကြ၏။-
၁၄ ထိုမြို့တွင်ရက်အတော်ကြာမျှတည်းခိုနေ ကြစဉ် ဖေတ္တုသည်ပေါလု၏အမှုကိုမင်းကြီး အားပြောပြ၏။ ဖေတ္တုက ``ဤအရပ်တွင်ဖေ လဇ်အကျဉ်းချထားခဲ့သည့်လူတစ်ယောက် ရှိပါ၏။-
၁၅ ကျွန်ုပ်ယေရုရှလင်မြို့သို့ရောက်စဉ်အခါက ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ကျွန်ုပ်အားထိုသူ ကိုစွပ်စွဲချက်တင်ကြပြီးနောက် သူ့အား အပြစ်ဒဏ်စီရင်ရန်တောင်းဆိုကြပါ၏။-
၁၆ အကျွန်ုပ်ကတရားခံတစ်ယောက်အားတရားလို များနှင့်မျက်နှာစုံညီတွေ့ဆုံ၍ သူတို့၏စွပ်စွဲ ချက်ကိုချေပခွင့်မပေးဘဲအပြစ်ဒဏ်စီရင် ခြင်းမှာ ရောမဋ္ဌလေ့ထုံးစံမဟုတ်ကြောင်းသူ တို့အားဖြေကြားခဲ့ပါ၏။-
၁၇ သို့ဖြစ်၍သူတို့သည်ဤမြို့သို့လာရောက်သော အခါ အကျွန်ုပ်သည်မဆိုင်းမငံ့ဘဲနောက်တစ် နေ့၌တရားခွင်မှာထိုင်၍ထိုသူကိုအခေါ် ခိုင်းပါ၏။-
၁၈ တရားလိုများသည်ထ၍သူ့အားစွပ်စွဲပြော ဆိုကြသော်လည်း အကျွန်ုပ်ထင်သည့်ပြစ်မှု များဖြင့်မဟုတ်ပါ။-
၁၉ သူတို့၏ဘာသာတရားနှင့်ပတ်သက်၍လည်း ကောင်း၊ ယေရှုဆိုသူအကြောင်းနှင့်ပတ်သက် ၍လည်းကောင်း၊ အငြင်းပွားမှုသာဖြစ်ပါ သည်။ ထိုယေရှုသည်သေလွန်သွားသော်လည်း အသက်ရှင်လျက်ရှိသည်ဟုပေါလုကဆို ပါသည်။-
၂၀ ထိုပြဿနာများကိုဖြေရှင်းရန်ကျွန်ုပ်မှာ မကျွမ်းသဖြင့် ပေါလုအား `သင်သည်ယေရု ရှလင်မြို့သို့သွားပြီးလျှင် ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံလိုပါ သလော' ဟုမေးပါ၏။-
၂၁ သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။
၂၂ အဂြိပ္ပမင်းက ``ထိုသူပြောကြားသည်ကို ကျွန်ုပ်ကိုယ်တိုင်ကြားလိုပါသည်'' ဟုဆို လျှင်ဖေတ္တုက ``ထိုသူပြောကြားသည်ကို နက်ဖြန်ကြားရပါစေမည်'' ဟုဆို၏။
အဂြိပ္ပမင်းကြီးနှင့်ဗေရနိတ်တို့ရှေ့သို့ ပေါလုရောက်ရှိခြင်း
၂၃ သို့ဖြစ်၍နောက်တစ်နေ့၌အဂြိပ္ပမင်းနှင့်မိ ဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ် သောအဆောင်အယောင်များနှင့်တကွတပ်မှူး များ၊ မြို့ပေါ်ရှိဂုဏ်အသရေရှိလူကြီးများ နှင့်အတူကြွလာလျက် ညီလာခံခန်းမကြီး သို့ဝင်တော်မူ၏။ ထိုအခါဖေတ္တု၏အမိန့် အရ ပေါလုအားခေါ်သွင်းကြ၏။-
၂၄ ဖေတ္တုက ``အဂြိပ္ပမင်းကြီးနှင့်ကြွရောက်လာ သောသူအပေါင်းတို့၊ ယေရုရှလင်မြို့နှင့်ဤ မြို့တွင်ရှိသည့်ယုဒအမျိုးသားအပေါင်း တို့က `ဤသူကိုအရှင်မထားသင့်ပါ' ဟု ကြွေးကြော်ကာကျွန်ုပ်ထံလျှောက်ထားခဲ့ ကြ၏။ ထိုသို့လျှောက်ထားခြင်းခံရသူ ကားဤသူပင်တည်း။-
၂၅ သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-
၂၆ သူနှင့်ပတ်သက်၍ဘုရင်ဧကရာဇ်မင်း အား တိတိကျကျသံတော်ဦးတင်စရာ အကြောင်းတစ်ခုမျှကျွန်ုပ်မှာမရှိပါ။ ထို့ ကြောင့်ထိုသူအားသင်တို့၏ရှေ့သို့ခေါ် ဆောင်လာခြင်းဖြစ်ပါ၏။ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့တော်သို့ခေါ်ဆောင် လာပါ၏။ ဤသို့ခေါ်ဆောင်လာခြင်းမှာ သူ့အားမင်းကြီးစစ်ဆေးမေးမြန်းပြီး သောအခါ ကျွန်ုပ်အစီရင်ခံစာရေးရန် အကြောင်းတစ်စုံတစ်ရာရရှိနိုင်မည် ပင်ဖြစ်ပါသည်။-
၂၇ စွဲချက်တစ်စုံတစ်ရာကိုမဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကိုစေလွှတ်သော် မလျော်မသင့်ဖြစ်မည်ကျွန်ုပ်ထင်ပါသည်'' ဟုဆို၏။