မန္နမုန့်နှင့်ငုံးငှက်များ
၁၆
၁ ဣသရေလအမျိုးသားအပေါင်းတို့သည် ဧလိမ်အရပ်မှထွက်ခွာခဲ့ကြသည်။ အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယလတစ် ဆယ်ငါးရက်နေ့တွင် ဧလိမ်အရပ်နှင့်သိနာ တောင်စပ်ကြားရှိသိန်ဟုခေါ်သောတော ကန္တာရသို့ရောက်ရှိကြ၏။-
၂ ထိုတောကန္တာရ၌ထိုသူတို့ကမောရှေနှင့် အာရုန်တို့အား၊-
၃ ``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
၄ ထိုအခါထာဝရဘုရားက မောရှေ အား``ငါသည်သင်တို့အားလုံးအတွက်မိုး ကောင်းကင်မှမုန့်ကိုချပေးမည်။ သူတို့သည် နေ့စဉ်ထွက်၍တစ်နေ့စာအတွက်မုန့်ကိုစု သိမ်းရကြမည်။ ဤနည်းအားဖြင့်သူတို့ သည် ငါ၏မိန့်မှာချက်အတိုင်းလိုက်နာ သည်၊ မလိုက်နာသည်ကိုငါသိရမည်။-
၅ ဆဋ္ဌမနေ့တွင်သူတို့သည်ခါတိုင်းနေ့ ထက်မုန့်နှစ်ဆကိုစုသိမ်းထားစေရမည်'' ဟုမိန့်တော်မူ၏။
၆ ထိုကြောင့်မောရှေနှင့်အာရုန်တို့က ဣသရေလ အမျိုးသားအပေါင်းတို့အား``သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအရှင်သည် ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသင်တို့ယနေ့ ညနေတွင်သိရလိမ့်မည်။-
၇ နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
၈ တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။
၉ မောရှေကအာရုန်အား``ဣသရေလအမျိုး သားတို့ကို ထာဝရဘုရား၏ရှေ့တော်သို့ လာရောက်ကြရန်ဆင့်ဆိုလော့။ ကိုယ်တော် သည်သူတို့၏အပြစ်တင်ညည်းညူသံ ကိုကြားရပြီ'' ဟုဆိုလေ၏။-
၁၀ အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။-
၁၁ ထာဝရဘုရားကမောရှေအား၊-
၁၂ ``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
၁၃ ထိုနေ့ညနေတွင်စခန်းတစ်ခုလုံးနေရာ အနှံ့အပြား၌ ငုံးငှက်များဆင်းသက်လာ ၏။ နံနက်တွင်စခန်းပတ်လည်၌နှင်းကျ လေ၏။-
၁၄ နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။-
၁၅ ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။
မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။-
၁၆ လူတိုင်းမိမိလိုသမျှကိုစုသိမ်းရမည်။ လူ တစ်ဦးစီက မိမိအိမ်၌ရှိသမျှသောသူ အားလုံးတို့အတွက် တစ်ယောက်လျှင်တစ်ပြည် ကျစုသိမ်းရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်တော်မူသည်'' ဟုဆိုလေ၏။
၁၇ ဣသရေလအမျိုးသားတို့သည် အမိန့် တော်အတိုင်းစုသိမ်းကြရာ၌အချို့တို့ ကပို၍လည်းကောင်း၊ အချို့တို့ကလျော့ ၍လည်းကောင်းစုသိမ်းကြ၏။-
၁၈ သို့ရာတွင်တောင်းနှင့်ခြင်ကြည့်သောအခါ ပို ၍စုသိမ်းသူကများများမပို၊ လျော့၍စု သိမ်းသူလည်းများများမလျော့ဘဲရရှိ ကြ၏။ အသီးသီးမိမိလိုသမျှစုသိမ်း ရရှိလေ၏။-
၁၉ မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။-
၂၀ သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
၂၁ နံနက်တိုင်းသူတို့သည်မိမိတို့တစ်ဦးစီလို သမျှမုန့်ကိုစုသိမ်းကြ၏။ နေပူလာသော အခါမြေပြင်ပေါ်တွင်ကျန်ရှိသောမုန့်တို့ သည်အရည်ပျော်ကုန်၏။
၂၂ ဆဋ္ဌမနေ့တွင်သူတို့သည်တစ်ဦးလျှင် နှစ် ပြည်ကျဖြင့်ရိက္ခာနှစ်ဆစုသိမ်းရကြသည်။ ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် အားလုံးတို့က ထိုအကြောင်းကိုမောရှေ အားပြောပြကြသောအခါ၊-
၂၃ မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
၂၄ သူတို့သည်မောရှေမှာကြားသည့်အတိုင်း စားစရာကို နက်ဖြန်နေ့အထိချန်ထား ရာပိုးမကျ၊ မပုပ်သိုးဘဲရှိလေ၏။-
၂၅ မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။-
၂၆ ထို့ကြောင့်သင်တို့သည်ခြောက်ရက်ပတ်လုံး မုန့်ကိုစုသိမ်းရမည်။ နားရက်ဖြစ်သောသတ္တမ နေ့တွင်စားစရာရရှိနိုင်မည်မဟုတ်'' ဟု ဆိုလေ၏။
၂၇ သတ္တမနေ့တွင်အချို့သောသူတို့သည် မုန့် ထွက်ရှာကြသော်လည်းမတွေ့ရချေ။-
၂၈ ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။-
၂၉ ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။-
၃၀ ထိုကြောင့်လူတို့သည်သတ္တမနေ့တွင်အလုပ်မှ ရပ်နားကြ၏။
၃၁ ဣသရေလအမျိုးသားတို့က ထိုစားစရာ ကိုမန္နမုန့်ဟူ၍နာမည်မှည့်ခေါ်ကြ၏။ ထို မုန့်သည်နံနံစေ့နှင့်တူ၏။ အရောင်ဖြူ၍ ပျားရည်နှင့်လုပ်သောမုန့်ချပ်ကဲ့သို့အရ သာရှိ၏။-
၃၂ မောရှေက``ထာဝရဘုရားသည်ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရာ၌ တောကန္တာရ တွင်ငါတို့အားကျွေးမွေးတော်မူသောမန္န မုန့်ကို ငါတို့၏နောင်လာနောက်သားများ တွေ့မြင်နိုင်စေရန် မန္နမုန့်အနည်းငယ်ကို သိမ်းဆည်းထားရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်မှာတော်မူသည်'' ဟုဆိုလေ၏။-
၃၃ ထိုနောက်မောရှေကအာရုန်ကို``မန္နမုန့်တစ် ပြည်ကိုအိုးတစ်လုံးတွင်ထည့်၍ ငါတို့ ၏နောင်လာနောက်သားများအတွက် ထာဝရဘုရား၏ရှေ့တော်၌ထားလော့'' ဟုဆို၏။-
၃၄ ထာဝရဘုရားကမောရှေကို မိန့်ကြားသည့် အတိုင်း အာရုန်သည်ထိုအိုးကိုသိမ်းဆည်း ထားရန်အတွက်ပဋိညာဉ်သေတ္တာရှေ့တွင် ချထားလေ၏။-
၃၅ ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
၃၆ (ဣသရေလအမျိုးသားတို့၏ချင်ခွက် ဖြစ်သောတစ်သြမဲမှာပြည်ဝက်ခန့် ဖြစ်၏။)