ယေရုရှလင်မြို့အားအာရှုရိအမျိုးသားတို့ ချောက်လှန့်ခြင်း
(၄ရာ၊ ၁၈:၁၃-၂၇။ ၆ရာ၊ ၃၂:၁-၁၉)
၃၆
၁ ယုဒဘုရင်ဟေဇကိနန်းစံတစ်ဆယ့်လေး နှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာ ခရိပ်သည် ယုဒပြည်ရှိခံတပ်မြို့များကို တိုက်ခိုက်သိမ်းယူလေသည်။-
၂ ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
၃ ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
၄ အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
၅ စစ်အင်အားစွမ်းရည်ကိုစကားလုံးဖြင့် အစားထိုးနိုင်လိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။ ငါ့ကိုပုန်ကန်ရန် သင်တို့အားအဘယ်သူကူညီလိမ့်မည် ဟုထင်မှတ်ကြပါသနည်း။-
၆ သင်တို့သည်အီဂျစ်ပြည်၏အကူအညီကို စောင့်စားလျက်နေကြ၏။ သို့ရာတွင်ထိုပြည် ကိုအားကိုးခြင်းသည်ကျိုး၍လက်စူးတတ် သည့်ကူရိုးကိုတောင်ဝှေးအဖြစ်အသုံးပြု သည်နှင့်တူ၏။ အီဂျစ်ဘုရင်ကားမိမိတို့ မှီခိုအားကိုးသူရှိလာချိန်၌ကူရိုးနှင့် သာတူသတည်း'' ဟုပြော၏။
၇ ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-
၈ ငါသည်ဘုရင်ဧကရာဇ်၏နာမတော်ကို တိုင်တည်၍ သင်တို့နှင့်အလောင်းအစားပြု မည်။ သင်တို့သည်မြင်းစီးသူရဲနှစ်ထောင်ရ ရှိအောင်ရှာနိုင်မည်ဆိုလျှင် သင်တို့အား မြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
၉ သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
၁၀ ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
၁၁ ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။
၁၂ ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။
၁၃ ထိုနောက်သူသည်ထ၍ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။-
၁၄ ထိုအရှင်ကသင်တို့သည်ဟေဇကိ၏လှည့်စား မှုကိုမခံကြစေရန် သတိပေးတော်မူလိုက် ပါ၏။ ဟေဇကိသည်သင်တို့အားမကယ်နိုင်။-
၁၅ ထာဝရဘုရားအား၊ အားကိုးရန်သူသွေး ဆောင်တိုက်တွန်းသော်လည်း သင်တို့ခွင့်မပြု ကြနှင့်။ ထာဝရဘုရားသည်သင်တို့အား ကယ်တော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ ငါတို့အာရှုရိတပ်မတော်အား သင်တို့ ၏မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည် မဟုတ်ဟူ၍လည်းကောင်း မထင်မှတ်ကြနှင့်။-
၁၆-၁၇ ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-
၁၈ ထာဝရဘုရားသည်ငါတို့ကိုကယ်ဆယ် တော်မူနိုင်သည်ဟု သင်တို့ထင်မှတ်ကြစေ ရန် ဟေဇကိလှည့်စားသည်ကိုနားမထောင် ကြနှင့်။ အခြားအမျိုးသားတို့၏ဘုရား များသည် သူတို့၏ပြည်ကိုအာရှုရိဧကရာဇ် ဘုရင်၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။-
၁၉ ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည်ယခု အဘယ်မှာရှိပါသနည်း။ အဘယ်ဘုရား ကရှမာရိပြည်ကိုကယ်ဆယ်ခဲ့ကြပါ သနည်း။-
၂၀ ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများ အနက်မှအဘယ်မည်သောဘုရားသည် မိမိ ၏ပြည်သို့ငါတို့ဘုရင်ဧကရာဇ်၏လက် မှအဘယ်အခါမှကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူထာဝရဘုရားသည် လည်း ယေရုရှလင်မြို့ကိုကယ်တော်မူနိုင် သည်ဟုသင်တို့အဘယ်ကြောင့်ထင်မှတ် ကြပါသနည်း'' ဟုဆို၏။
၂၁ ထိုအခါလူတို့သည်ဟေဇကိမှာကြား လိုက်သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍မပြောကြ။-
၂၂ ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။