အာဟပ်အားမိက္ခာသတိပေးခြင်း
(၆ရာ၊ ၁၈:၂-၂၇)
၂၂
၁ ဣသရေလပြည်နှင့်ရှုရိပြည်တို့သည် သုံး နှစ်တိုင်တိုင်စစ်ပြေငြိမ်းလျက်ရှိ၏။-
၂ သို့ရာတွင်တတိယနှစ်၌ယုဒဘုရင်ယော ရှဖတ်သည် ဣသရေလဘုရင်အာဟပ်ထံသို့ အလည်အပတ်ရောက်ရှိလာလေသည်။
၃ အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
၄ ထို့နောက်အာဟပ်သည်ယောရှဖတ်အား``အဆွေ တော်သည်ရာမုတ်မြို့ကိုတိုက်ရန်ကျွန်ုပ်နှင့်အတူ ချီတက်မည်လော'' ဟုမေး၏။
ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိလျှင် ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏စစ်သည် တော်များနှင့်မြင်းစီးသူရဲများသည်လည်း အဆင်သင့်ရှိပါသည်။-
၅ သို့ရာတွင်ဤကိစ္စကိုထာဝရဘုရားအားဦး စွာမေးမြန်းလျှောက်ထားပါလော့'' ဟုဆို၏။
၆ သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။
ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
၇ သို့ရာတွင်ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖက်မရှိပါသလော'' ဟုမေး၏။
၈ အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။
ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
၉ သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း သွားခေါ်ခဲ့ရန်အမိန့်ပေးတော်မူ၏။
၁၀ ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
၁၁ ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`ကိုယ်တော် သည်ဤဦးချိုများဖြင့်ရှုရိအမျိုးသားတို့ အားချေမှုန်းလိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
၁၂ အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
၁၃ ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။
၁၄ သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
၁၅ သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။
မိက္ခာက``ချီတက်တိုက်ခိုက်တော်မူပါ။ အရှင် မင်းကြီးသည်အောင်မြင်တော်မူပါလိမ့်မည်။ ထာဝရဘုရားသည်အရှင့်အားအောင်ပွဲခံ စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
၁၆ သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ ပြောဆိုရာတွင်သစ္စာစကား ကိုသာလျှင် သုံးစွဲရန်သင့်အားဘယ်နှစ်ကြိမ် ငါသတိပေးရပါမည်နည်း'' ဟုဆို၏။
၁၇ ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
၁၈ အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှ ကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာဟောတတ်ကြောင်း ကျွန်ုပ်ပြောခဲ့ပြီမဟုတ်လော'' ဟုဆို၏။
၁၉ မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
၂၀ ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ သို့ချီတက်၍ကျဆုံးစေရန် အဘယ်သူသည် သူ့အားလိမ်လည်လှည့်စားမည်နည်း' ဟုမေး တော်မူလျှင်ကောင်းကင်တမန်တို့သည် အမျိုးမျိုးအဖုံဖုံလျှောက်ထားကြ၏။-
၂၁ နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ်လည် လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရဘုရား က`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
၂၂ ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
၂၃ ထို့နောက်မိက္ခာက``ဖြစ်ပျက်ပုံကားဤသို့တည်း။ ထာဝရဘုရားသည်ဤပရောဖက်တို့ကို အရှင့်အားလိမ်လည်ဟောပြောစေတော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေးအန္တရာယ် ကိုမူကိုယ်တော်တိုင်စီရင်ထားတော်မူပြီ'' ဟု နိဂုံးချုပ်လိုက်လေသည်။
၂၄ ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
၂၅ မိက္ခာကလည်း``သင်ပုန်းအောင်းရန်အတွက်အတွင်း ခန်းတစ်ခုခုသို့ဝင်သောအခါ၌သိရပါလိမ့် မည်'' ဟုပြန်ပြောလေသည်။
၂၆ ထို့နောက်အာဟပ်သည်နန်းတွင်းအရာရှိတစ် ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန်အာမုန် နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင်သွားလော့။-
၂၇ သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
၂၈ မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာပါမူအကျွန်ုပ် ဆင့်ဆိုသောစကားများသည်ထာဝရဘုရား မိန့်တော်မူသောစကားများမဟုတ်နိုင်။ အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ထား ကြလော့'' ဟုဆို၏။
အာဟပ်ကွယ်လွန်ခြင်း
(၆ရာ၊ ၁၈: ၂၈-၃၄)
၂၉ ဣသရေလဘုရင်အာဟပ်နှင့်ယုဒဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ ကိုတိုက်ခိုက်ရန်ချီတက်ကြ၏။-
၃၀ အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်သော အခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွားမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာဝတ်ဆင် လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆို ပြီးသော်ဣသရေလဘုရင်သည်ရုပ်ဖျက်၍ တိုက်ပွဲဝင်လေ၏။
၃၁ ရှရိဘုရင်သည် မိမိ၏ရထားတပ်မှူးသုံးဆယ့် နှစ်ယောက်တို့အား ဣသရေလဘုရင်မှတစ်ပါး အခြားမည်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
၃၂ ထို့ကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင်သော အခါ ဣသရေလဘုရင်ဟုထင်မှတ်ကာပြန်လှည့် ၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှဖတ်ဟစ်အော် လိုက်သောအခါ၊-
၃၃ သူတို့သည်ဣသရေလဘုရင်မဟုတ်မှန်းသိရ၍ လွှဲရှောင်ကြ၏။-
၃၄ သို့ရာတွင်ရှရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကို အမှတ်မထင်ပစ်လွှတ်လိုက်ရာအာဟပ် ၏သံချပ်အင်္ကျီအဆက်ကြားကိုထိမှန်သွားလေ သည်။ မင်းကြီးက``ငါ့ကိုမြားထိပြီ၊ တိုက်ပွဲမှ မောင်းထွက်သွားလော့'' ဟုရထားမှူးအားအမိန့် ပေးတော်မူ၏။
၃၅ တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိ၏ရထား ထက်တွင်မှီ၍ထိုင်နေတော်မူ၏။ သူ၏ဒဏ်ရာ မှယိုစီးလာသောသွေးသည်ရထားကြမ်းပြင် ပေါ်တွင်အိုင်ဖြစ်၍နေ၏။ ညနေစောင်းအချိန် ၌သူသည်ကွယ်လွန်လေသည်။-
၃၆ နေဝင်ချိန်နီးသောအခါ``လူတိုင်းကိုယ့်ပြည်၊ ကိုယ့်မြို့ရွာများသို့ပြန်ကြကုန်အံ့'' ဟူသော ဟစ်သံသည်ဣသရေလတပ်တစ်တပ်လုံး သို့ရောက်ရှိလာလေသည်။
၃၇ ဤသို့ဖြင့်အာဟပ်မင်းသည်ကွယ်လွန်လေသည်။ သူ၏အလောင်းကိုရှမာရိမြို့သို့ယူဆောင် ပြီးလျှင်သင်္ဂြိုဟ်ကြ၏။-
၃၈ သူ၏ရထားကိုပြည့်တန်ဆာတို့ရေချိုးလေ့ရှိ သည့်ရှမာရိရေကန်တွင်ဆေးကြောကြ၏။ ထာ ဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခွေးတို့ သည်လာ၍သူ၏သွေးကိုလျက်ကြကုန်၏။
၃၉ အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
၄၀ အာဟပ်ကွယ်လွန်သောအခါသားတော်အာခဇိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ယုဒဘုရင်ယောရှဖတ်
(၆ရာ၊ ၂၀:၃၁-၂၁:၁)
၄၁ ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊-
၄၂ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။-
၄၃ သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
၄၄ ယောရှဖတ်သည်ဣသရေလဘုရင်နှင့်လည်း ငြိမ်းချမ်းစွာနေတော်မူ၏။
၄၅ ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-
၄၆ သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင်ခမည်း တော်အာသလက်ထက်မှ ကျန်ရစ်ခဲ့သည့်အမျိုး သားပြည့်တန်ဆာများနှင့်အမျိုးသမီးပြည့် တန်ဆာများအားလုံးကိုသုတ်သင်ပယ်ရှင်း တော်မူ၏။
၄၇ ဧဒုံပြည်တွင်ဘုရင်မရှိ။ ယုဒဘုရင်ခန့်ထား သည့်ဘုရင်ခံကထိုပြည်ကိုအုပ်ချုပ်ရလေသည်။
၄၈ ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
၄၉ ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။
၅၀ ယောရှဖတ်ကွယ်လွန်သောအခါ သူ့ကိုယေရု ရှလင်မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ယဟောရံသည် ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
ဣသရေလဘုရင်အာခဇိ
၅၁ ယုဒဘုရင်ယောရှဖတ်၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌အာဟပ်၏သားတော်အာခဇိသည် ဣသရေလပြည်တွင်နန်းတက်၍ရှမာရိမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
၅၂ သူသည်ခမည်းတော်အာဟပ်နှင့်မယ်တော်ယေဇ ဗေလ၏စံနမူနာကိုလည်းကောင်း၊ ဣသရေလ ပြည်သူတို့အားအပြစ်ကူးစေရန် ရှေ့ဆောင် လမ်းပြခဲ့သူ ယေရောဗောင်မင်း၏စံနမူနာ ကိုလည်းကောင်းယူ၍၊-
၅၃ ဗာလဘုရားကိုဝတ်ပြုကိုးကွယ်ကာ မိမိ အလျင်နန်းစံတော်မူခဲ့သည့်ခမည်းတော်ကဲ့ သို့ပင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်လေသည်။ ဋ္ဌမ္မရာဇဝင်တတိယစောင်ပြီး၏။