ကိုယ်တော်အား ပိလတ်မင်းထံသို့ပို့ဆောင်ကြခြင်း
(မ၊ ၂၇:၁-၂၊ ၁၁-၁၄။ မာ၊ ၁၅:၁-၅။ ယော၊ ၁၈:၂၈-၃၈)
၂၃
၁ တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
၂ ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
၃ ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။
ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။
၄ ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။
၅ သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။
ကိုယ်တော်အား ဟေရုဒ်မင်းထံကိုပို့ဆောင်ကြခြင်း
၆ ပိလတ်မင်းသည်ဂါလိလဲဟူသောစကားကို ကြားလျှင် ``ဤသူသည်ဂါလိပြည်သားပေ လော'' ဟုမေး၏။-
၇ ဟေရုဒ်အုပ်စိုးသောဂါလိလဲပြည်သားဖြစ် ကြောင်းကိုသိလျှင် ကိုယ်တော်အားဟေရုဒ်မင်း ထံသို့ပို့၏။ ထိုအချိန်အခါသည်ဟေရုဒ်မင်း ယေရုရှလင်မြို့မှာရောက်ရှိနေသည့်အချိန် ဖြစ်သတည်း။-
၈ ဟေရုဒ်မင်းသည်သခင်ယေရှုကိုမြင်သော အခါလွန်စွာဝမ်းမြောက်၏။ ကိုယ်တော်၏သတင်း ကိုများစွာကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မြင်လိုသည်မှာကြာပေပြီ။ ကိုယ်တော်ပြ သည့်နိမိတ်လက္ခဏာတစ်စုံတစ်ရာကိုတွေ့ မြင်ရလိမ့်မည်ဟုမျှော်လင့်လျက်နေ၏။-
၉ ဟေရုဒ်မင်းသည်ကိုယ်တော်အားမေးခွန်းများ စွာမေးသော်လည်း ကိုယ်တော်ကဖြေကြားတော် မမူ။-
၁၀ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ရှေ့သို့လာ၍ ကိုယ်တော်အားအပြင်း အထန်စွပ်စွဲပြောဆိုကြ၏။-
၁၁ ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
၁၂ ယခင်ကရန်သူဖြစ်ခဲ့ကြသည့်ပိလတ် မင်းနှင့်ဟေရုဒ်မင်းတို့သည် ထိုနေ့၌ပြန်၍ သင့်မြတ်သွားကြသတည်း။
ကိုယ်တော်ကိုသေဒဏ်စီရင်ကြခြင်း
(မ၊ ၂၇:၁၅-၂၆။ မာ၊ ၁၅:၆-၁၅။ ယော၊ ၁၈:၃၉-၁၉:၁၆)
၁၃ ပိလတ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနှင့်ယုဒအမျိုးသား များအားစုဝေးစေ၏။-
၁၄ ထိုနောက် ``ဤသူသည်ပုန်ကန်ရန်ပြည်သူတို့ အားလှုံ့ဆော်သူဖြစ်သည်ဟုဆို၍ သူ့အား သင်တို့ငါ့ထံသို့ခေါ်ခဲ့ကြ၏။ သင်တို့ရှေ့ မှာပင်ငါစစ်ဆေးခဲ့၏။ သို့ရာတွင်သင်တို့ ဆိုသည့်အတိုင်းထိုသူအားစွပ်စွဲနိုင်ရန် အကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့။-
၁၅ ဟေရုဒ်မင်းသည်လည်းမတွေ့။ ထို့ကြောင့်သူ့ ကိုငါ့ထံသို့ပြန်၍ပို့၏။ ဤသူသည်သေ ဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ရာကို မျှမကူးမလွန်ခဲ့ပေ။-
၁၆ သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုဆို၏။-
၁၇ (ပိလတ်မင်းသည်ပသခါပွဲ၌လူတို့အတွက် အကျဉ်းသားတစ်ယောက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ပေးရမြဲဖြစ်သတည်း။)
၁၈ လူပရိသတ်အားလုံးက ``ဤသူကိုသေဒဏ် ပေးပါ။ အကျွန်ုပ်တို့အတွက်ဗာရဗ္ဗကိုလွတ် ငြိမ်းချမ်းသာခွင့်ပေးပါ'' ဟုတစ်ပြိုင်နက် ဟစ်အော်ကြ၏။-
၁၉ (ဗာရဗ္ဗကားမြို့ထဲတွင်ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတို့ဖြင့်ထောင်ကျခံနေရသူဖြစ်၏။)
၂၀ ပိလတ်မင်းသည်သခင်ယေရှုအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးလို၍လူတို့အားတစ်ဖန် တင်ပြ၏။-
၂၁ သို့ရာတွင်လူတို့သည် ``သူ့ကိုလက်ဝါးကပ်တိုင် မှာတင်၍သတ်ပါ၊ လက်ဝါးကပ်တိုင်မှာတင်၍ သတ်ပါ'' ဟုဟစ်အော်ကြ၏။
၂၂ ပိလတ်မင်းက ``သူသည်အဘယ်ပြစ်မှုကို ကူးလွန်သနည်း။ သူ့အားသေဒဏ်ပေးထိုက် သောအကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့၊ သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုတတိယအကြိမ်ဆို၏။
၂၃ သို့ရာတွင်လူတို့သည်ကိုယ်တော်အားလက်ဝါး ကပ်တိုင်မှာတင်၍သတ်ရန် အသံကုန်အော်ဟစ် တောင်းဆိုကြသဖြင့်နောက်ဆုံး၌တောင်းဆို ချက်ရသွား၏။-
၂၄ ပိလတ်မင်းသည်သူတို့တောင်းဆိုသည့်အတိုင်း စီရင်ချက်ချမှတ်လိုက်၏။-
၂၅ ပုန်ကန်ထကြွမှုနှင့်လူသတ်မှုတို့အတွက် ထောင်ကျသူအား သူတို့တောင်းဆိုသည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၏။ သခင်ယေရှု ကိုမူသူတို့ပြုလိုသည့်အတိုင်းပြုစေရန်အပ် လိုက်၏။
ကိုယ်တော်ကိုလက်ဝါးကပ်တိုင်မှာတင်၍ သတ်ကြခြင်း
(မ၊ ၂၇:၃၂-၄၄။ မာ၊ ၁၅:၂၁-၃၂။ ယော၊ ၁၉:၁၇-၂၇)
၂၆ စစ်သားတို့သည်ကိုယ်တော်ကိုထုတ်ဆောင်သွား ကြစဉ် ကျေးလက်တောရွာမှလာသောကုရေနေ ပြည်သားရှိမုန်ကိုဖမ်းဆီး၍ သူ၏ပခုံးပေါ် တွင်လက်ဝါးကပ်တိုင်ကိုတင်ကြ၏။ ထိုနောက် လက်ဝါးကပ်တိုင်ကိုထမ်းစေလျက်သခင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။
၂၇ လူပရိသတ်ကြီးသည်နောက်တော်မှလိုက်ကြ၏။ အမျိုးသမီးအချို့တို့သည်မိမိတို့ရင်ကို တီးခတ်ငိုကြွေးလျက်လိုက်ကြ၏။-
၂၈ သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။-
၂၉ `ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
၃၀ ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-
၃၁ စိမ်းစိုသောအပင်ကိုဤသို့ပြုကြပါမူ အပင်သည်ခြောက်သွေ့သောအခါမည်သို့ ဖြစ်လိမ့်မည်နည်း'' ဟုမိန့်တော်မူ၏။
၃၂ လူတို့သည်ရာဇဝတ်သင့်သူလူနှစ်ယောက်ကို လည်းကိုယ်တော်နှင့်အတူသတ်ရန်ထုတ်ဆောင် သွားကြ၏။-
၃၃ ``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။-
၃၄ သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။
သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။-
၃၅ လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
၃၆ စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊-
၃၇ ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။
၃၈ ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။
၃၉ လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။
၄၀ အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊-
၄၁ ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။-
၄၂ ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။-
၄၃ ကိုယ်တော်က ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ပင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိမည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်အသက်ချုပ်တော်မူခြင်း
(မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ ယော၊ ၁၉:၂၈-၃၀)
၄၄ အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။-
၄၅ ဗိမာန်တော်ကန့်လန့်ကာသည်လည်းနှစ်ခြမ်း ကွဲလေ၏။-
၄၆ သခင်ယေရှုသည် ``အို အဖ၊ ကိုယ်တော်ရှင်၏ လက်တော်သို့အကျွန်ုပ်၏ဝိညာဉ်ကိုအပ်ပါ၏'' ဟုကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် တော်မူ၏။
၄၇ ဤအဖြစ်အပျက်ကိုတပ်မှူးသည်တွေ့မြင် လျှင် ``ဤသူကားအကယ်ပင်သူတော်ကောင်း ဖြစ်၏'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလေ၏။
၄၈ ဤအမှုအရာကိုကြည့်ရှုရန်လာကြကုန်သော လူပရိသတ်တို့သည် ထိုအဖြစ်အပျက်များကို မြင်သဖြင့် မိမိတို့ရင်ကိုတီးခတ်လျက်ပြန် ကြ၏။-
၄၉ ဂါလိလဲပြည်မှကိုယ်တော်၏နောက်သို့လိုက် လာကြသောအမျိုးသမီးများအပါအဝင် ကိုယ်တော်ကိုသိကျွမ်းသူအပေါင်းတို့သည် အဝေးမှာရပ်လျက်ကြည့်ရှုနေကြ၏။
ကိုယ်တော်ကိုသင်္ဂြိုဟ်ခြင်း
(မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ ယော၊ ၁၉:၃၈-၄၂)
၅၀-၅၁ ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-
၅၂ သူသည်ပိလတ်မင်း၏ထံသို့သွား၍သခင်ယေရှု ၏အလောင်းတော်ကိုတောင်း၏။-
၅၃ အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှချပြီး လျှင်ပိတ်ဖြင့်ပတ်၏။ ထိုနောက်ကျောက်ဆောင်ကို ထွင်းထားသည့်တစ်ခါမျှအသုံးမပြုရသေး သောသင်္ချိုင်းဂူသစ်တွင်သင်္ဂြိုဟ်၏။-
၅၄ ထိုနေ့ကားသောကြာနေ့ဖြစ်၍ဥပုသ်နေ့သို့ ကူးရန်အချိန်နီးပေပြီ။-
၅၅ ဂါလိလဲပြည်မှကိုယ်တော်နှင့်လိုက်ခဲ့ကြသော အမျိုးသမီးများလည်းလိုက်ပို့၍သင်္ချိုင်းတော် ကိုလည်းကောင်း၊ အလောင်းတော်ကိုအဘယ်သို့ ထားသည်ကိုလည်းကောင်းတွေ့မြင်ကြ၏။-
၅၆ ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။
သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။