ရှင်မဿဲ
ပြုစုသည့်သတင်းကောင်း
နိဒါန်း
ရှင်မဿဲပြုစုသည့်သတင်းကောင်းတွင်ဓမ္မ ဟောင်းကျမ်းအရဘုရားသခင်ထားတော်မူသော ကတိတော်နှင့်အညီကြွလာမည့်ကယ်တင်ရှင်မှာ သခင်ယေရှုပင်ဖြစ်တော်မူကြောင်းသတင်းကောင်း ကိုကြေညာပေသည်။ ယင်းသို့ကြေညာရာတွင်သခင် ယေရှုမွေးဖွားသန့်စင်သက်ရှင်လှုပ်ရှားရာနိုင်ငံမှ ယုဒအမျိုးသားတို့သာမကကမ္ဘာသားအပေါင်း တို့အားလည်းကြေညာခြင်းဖြစ်၏။
ရှင်မဿဲသည်ဤကျမ်းကိုစနစ်တကျရေးသား ပြုစုထားပေသည်။ ဤကျမ်းတွင်သခင်ယေရှုဖွား မြင်တော်မူခြင်းအကြောင်းဖြင့်အစပျိုး၍ ဗတ္တိဇံ မင်္ဂလာခံတော်မူပုံနှင့်ကိုယ်တော်အားစာတန်စုံ စမ်းသွေးဆောင်ပုံ၊ ဂါလိလဲပြည်တွင်အမှုတော် ဆောင်ပုံ၊ တရားဓမ္မဟောပြောသွန်သင်ပုံနှင့်လူ မမာများအား ကျန်းမာစေတော်မူပုံကိုမှတ် တမ်းတင်ထားသည်။ ထိုနောက်ဂါလိလဲပြည် မှယေရုရှလင်မြို့သို့ကြွတော်မူခြင်းအကြောင်း ကိုလည်းကောင်း၊ နောက်ဆုံးရက်သတ္တပတ်၌ လက် ဝါးကပ်တိုင်တွင်အသေခံတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း အကြောင်းကိုလည်းကောင်းမှတ်တမ်းတင် ထား၏။
သခင်ယေရှုသည်ဘုရားသခင်၏ပညတ်တရား တော်အနက်အဓိပ္ပါယ်ကိုဖွင့်ပြပိုင်သောအရှင် နှင့်ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်ပိုင်သောအရှင်ဖြစ်ကြောင်းဤ ကျမ်းတွင်တင်ပြထား၏။ ကိုယ်တော်၏တရား ဒေသနာတော်တို့ကိုအပိုင်းကဏ္ဍ (၅) ခုအောက် တွင်စုစည်းထားသည်။ ယင်းတို့မှာ (၁) ကောင်းကင် နိုင်ငံတော်သားတို့၏အရည်အသွေး၊ တာဝန် ဝတ္တရား၊ အခွင့်အရေးနှင့်ကံကြမ္မာတို့ကိုဖော်ပြ သည့်တောင်ပေါ်ဒေသနာတော် (အခန်း ၅-၇) (၂) တပည့်တော်တစ်ကျိပ်နှစ်ပါးတို့အမှုတော် ဆောင်ရန်အတွက်ညွှန်ကြားချက်များ(အခန်း ၁၀) (၃) ကောင်းကင်နိုင်ငံတော်အကြောင်းပုံဉပမာများ (အခန်း ၁၃) (၄) တပည့်တော်ဖြစ်ခြင်း၏အနက် အဓိပ္ပါယ် (အခန်း ၁၈) (၅) ယခုကပ်ကမ္ဘာကုန်ဆုံးချိန် အကြောင်းနှင့် ဘုရားသခင်၏နိုင်ငံတော်တည်မည့် အကြောင်းသွန်သင်ချက် (အခန်း ၂၄-၂၅) တို့ဖြစ်သည်။
အကြောင်းအရာအကျဉ်းချုပ်
သခင်ယေရှုခရစ်ဖွားမြင်တော်မူခြင်းနှင့် ဆွေတော်စဉ်မျိုးတော်ဆက် ၁:၁-၂:၂၃
ဗတ္တိဇံဆရာယောဟန်အမှုတော်ဆောင်ခြင်း ၃:၁-၁၂
သခင်ယေရှုဗတ္တိဇံမင်္ဂလာခံခြင်းနှင့်စာတန် စုံစမ်းသွေးဆောင်ခြင်း ၃:၁၃-၄:၁၁
ဂါလိလဲပြည်တွင်သခင်ယေရှု အမှုတော်ဆောင်ခြင်း ၄:၁၂-၁၈:၃၅
ဂါလိလဲပြည်မှယေရုရှလင်မြို့ ၁၉:၁-၂၀:၃၄
ယေရုရှလင်မြို့နှင့်အနီးအနားတွင် နောက်ဆုံးရက်သတ္တပတ် ၂၁:၁-၂၇:၆၆
သခင်ဘုရားသေခြင်းမှရှင်ပြန်ထမြောက် တော်မူခြင်းနှင့်ကိုယ်ထင်ပြတော်မူခြင်း ၂၈:၁-၂၀
သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက်
(လု၊ ၃:၂၃-၃၈။)
၁
၁ အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
၂ အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။-
၃ ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
၄ အာရံ၏သားသည်အမိနဒပ်၊ အမိနဒပ်၏သား မှာနာရှုန်၊ နာရှုန်၏သားကားစာလမုန်ဖြစ်၏။-
၅ စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
၆ ဉရိယ၏ဇနီးနှင့်ဒါဝိဒ်မင်းရသောသားသည် ရှောလမုန်ဖြစ်၏။-
၇ ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-
၈ အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
၉ ဩဇိ၏သားသည်ယောသံ၊ ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားကားဟေဇကိဖြစ်၏။-
၁၀ ဟေဇကိ၏သားသည်မနာရှေ၊ မနာရှေ၏သား မှာအာမုန်၊ အာမုန်၏သားကားယောရှိဖြစ်၏။-
၁၁ ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့အား ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ ယောရှိရသော သားများကားယေခေါနိနှင့်ညီများဖြစ်ကြ၏။
၁၂ ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
၁၃ ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
၁၄ အာဇော်၏သားသည်ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အာခိမ်၊ အာခိမ်၏သားကားဧလုဒ်ဖြစ်၏။-
၁၅ ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-
၁၆ ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။
၁၇ သို့ဖြစ်၍ဆွေတော်စဉ်မျိုးတော်ဆက်များမှာ အာဗြဟံမှသည်ဒါဝိဒ်မင်းတိုင်အောင်တစ်ဆယ့် လေးဆက်၊ ဒါဝိဒ်မင်းမှသည်ဣသရေလအမျိုးသား တို့ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရချိန် တိုင်အောင်တစ်ဆယ့်လေးဆက်၊ ဣသရေလအမျိုးသား တို့ ဗာဗုလုန်မြို့သို့ရောက်ရှိချိန်မှသည်မေရှိယ ဖွားမြင်သည်တိုင်အောင်တစ်ဆယ့်လေးဆက်ဖြစ် သတည်း။
သခင်ယေရှုခရစ်ဖွားမြင်တော်မူခြင်း
(လု၊ ၂:၁-၇။)
၁၈ သခင်ယေရှုခရစ်ဖွားမြင်တော်မူပုံကားဤသို့ တည်း။ မယ်တော်မာရိနှင့်ယောသပ်တို့ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားပြီးနောက်၊ ပေါင်းသင်းနေထိုင် မှုမပြုရမီမာရိသည်သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့်ပဋိသေနန္ဓစွဲကပ်လေ၏။-
၁၉ ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
၂၀ ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
၂၁ သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။
၂၂ ဤအမှုအရာများမှာပရောဖက်အားဖြင့် ထာဝရဘုရားပေးတော်မူခဲ့သောဗျာဒိတ် တော်အတိုင်းဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။-
၂၃ ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
၂၄ သို့ဖြစ်၍ယောသပ်သည်အိပ်ပျော်ရာမှနိုးသော အခါ ထာဝရဘုရား၏ကောင်းကင်တမန်အမိန့် ရှိခဲ့သည့်အတိုင်း မာရိအားမိမိဇနီးအဖြစ် သိမ်းပိုက်လေ၏။-
၂၅ သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။