၈၄
ဘုရားသခင်၏အိမ်တော်ကိုတသခြင်း
၁ အနန္တတန်ခိုးရှင်ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဗိမာန် တော်ကို အလွန်နှစ်သက်မြတ်နိုးလျက်
၂ ထိုအရပ်တွင်လွန်စွာနေလိုလှပါသည်။
ကျွန်တော်မျိုးသည်ထာဝရဘုရား၏ဗိမာန်တော် တံတိုင်းများကိုတသပါ၏။
အသက်ရှင်တော်မူသောဘုရားသခင်အား
ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါဝမ်း မြောက်စွာ ထောမနာသီချင်းဆိုပါ၏။
၃ ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူသောအနန္တတန်ခိုးရှင်ထာဝရဘုရား၊
စာငှက်များနှင့်ဇရက်များပင်လျှင်မိမိတို့၏ အသိုက်အအုံများကို
ကိုယ်တော်ရှင်၏ယဇ်ပလ္လင်အနီးတွင်ဆောက် လုပ်၍ သားငယ်များကိုထားကြပါ၏။
၄ ကိုယ်တော်ရှင်အားအစဉ်မပြတ်ထောမနာ ပြုလျက်
ဗိမာန်တော်တွင်နေကြသူတို့သည်အလွန်ပင် မင်္ဂလာရှိပါသည်တကား။
၅ ကိုယ်တော်ရှင်၏ထံတော်မှခွန်အားစွမ်းရည်ကို ခံယူရရှိသောသူတို့သည်မင်္ဂလာရှိကြပါ၏။
သူတို့သည်ဇိအုန်တောင်တော်သို့ခရီးပြုရန် စိတ်ထက်သန်ကြပါ၏။
၆ ထိုသူတို့သည်ခြောက်သွေ့နေသည့်ဗာကာ ချိုင့်ဝှမ်းကို ဖြတ်သန်းသွားစဉ်ရေများပေါက်၍လာပါ၏။
မိုးဦးရွာသဖြင့်အိုင်များထွန်း၍လာပါ၏။
၇ ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။
ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။
၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
အို ယာကုပ်၏ဘုရားသခင်၊ နားထောင်တော်မူပါ။
၉ အို ဘုရားသခင်၊
ကိုယ်တော်ရှင်ရွေးချယ်ထားတော်မူသော
ဘုရင်တည်းဟူသောကျွန်တော်မျိုးတို့ ၏ဘုရင်ကို ကောင်းချီးပေးတော်မူပါ။
၁၀ ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည်
အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။
ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည်
သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။
၁၁ ထာဝရဘုရားသည်ငါတို့အား
ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။
ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။
ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား
ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
၁၂ အနန္တတန်ခိုးရှင်ဘုရားသခင်၊
ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။