ဗိမာန်တော်အတွက်တန်ဆာများ
(၃ရာ၊ ၇:၂၃-၅၁)
၄
၁ ရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။-
၂ အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။-
၃ ရေကန်၏အပြင်အနားပတ်လည်ကိုနွားရုပ် များဖြင့်တန်ဆာဆင်ထား၏။ ထိုနွားရုပ်များ အထက်အောက်အတန်းနှစ်တန်းကိုရေကန်နှင့် တစ်စပ်တည်းသွန်းလုပ်ထားသတည်း။-
၄ ရေကန်သည်အရပ်တစ်မျက်နှာလျှင်သုံးကောင် ကျ၊ အရပ်လေးမျက်နှာမူနေသောကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းထက်တွင် တည်လျက်ရှိ၏။-
၅ ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍ ယင်း ၏အပေါ်အနားသည်ဖလားနှုတ်ခမ်းကဲ့သို့ ပန်းပွင့်ချပ်သဏ္ဌာန်အပြင်သို့ခုံးတက်နေလေ သည်။ ထိုရေကန်သည်ရေဂါလံတစ်သောင်း ငါးထောင်မျှဝင်သတည်း။-
၆ သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။
၇-၈ သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
၉ သူတို့သည်ယဇ်ပုရောဟိတ်များအတွက် အတွင်းတံတိုင်းကိုဆောက်လုပ်ပြီးနောက် အပြင် တံတိုင်းကိုလည်းဆောက်လုပ်ကြ၏။ ဤတံတိုင်း နှစ်ခု၏စပ်ကြား၌ရှိသောတံခါးများကို ကြေးဝါဖြင့်ဖုံးအုပ်ကြ၏။-
၁၀ ရေကန်ကိုဗိမာန်တော်၏အရှေ့တောင်ဘက်တွင် ထားကြ၏။
၁၁-၁၆ ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။
တိုင်နှစ်လုံး၊
အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ
ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော
သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊
လှည်းဆယ်စီး၊
အင်တုံဆယ်လုံး၊
ရေကန်၊
ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊
အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ
လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။
၁၇ ထိုအရာများကိုမင်းကြီးသည်ယော်ဒန်မြစ် ဝှမ်း၊ သုကုတ်မြို့နှင့်ဇာသန်မြို့များကြား၌ ရှိသောကြေးရည်ကြိုစက်တွင်သွန်းလုပ်စေ တော်မူသည်။-
၁၈ ပြုလုပ်ရသောပစ္စည်းအရေအတွက်မှာများ ပြားလှသဖြင့် ကုန်ကျသည့်ကြေးဝါအလေး ချိန်ကိုအဘယ်သူမျှမသိချေ။
၁၉ ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
၂၀ စီမံချက်အရအလွန်သန့်ရှင်းရာဌာန တော်ရှေ့တွင်ထွန်းညှိထားရန် ရွှေစင်မီးခွက် များနှင့်မီးတင်ခုံများ၊-
၂၁ တန်ဆာဆင်ရန်ပန်းပွင့်များ၊ မီးခွက်များ နှင့်မီးကိုင်တန်ဆာများ၊-
၂၂ မီးညှပ်များ၊ လင်ပန်းများ၊ ခွက်များနှင့်မီး ကျီးခံများဖြစ်၏။ ထိုပစ္စည်းရှိသမျှသည် ရွှေစင်ဖြင့်ပြီးသတည်း။ ဗိမာန်တော်အပြင် တံခါးများနှင့် အလွန်သန့်ရှင်းရာဌာနတော် အဝင်တံခါးများကိုရွှေဖြင့်မွမ်းမံထား သတည်း။