ဋ္ဌမ္မရာဇဝင်ပထမစောင်
နိဒါန်း
ဣသရေလနိုင်ငံတွင်တရားသူကြီးများ ခေတ်မှ ဘုရင်အုပ်စိုးသည့်စနစ်သို့ကူးပြောင်း သောသမိုင်းကာလကို ဋ္ဌမ္မရာဇဝင်ပထမ စောင်တွင်မှတ်တမ်းတင်ထားသည်။ ယင်းသမိုင်း ကာလဇာတ်စင်ပေါ်တွင်ဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင်ကြသောအဋ္ဌိကပ္ဂိုလ် သုံးဦးမှာ တရားသူကြီးများထဲမှ နောက်ဆုံး တရားသူကြီးဖြစ်သူရှမွေလ၊ ဣသရေလ အမျိုးသားတို့၏ပထမဦးဆုံးဘုရင် ဖြစ်သူရှောလုနှင့်ဒါဝိဒ်တို့ဖြစ်ကြသည်။ ထီးနန်းမရမီဒါဝိဒ်၏စွန့်စားခန်းများ သည် ရှမွေလ၏လုပ်ဆောင်ချက်များနှင့် ရှောလု ၏လုပ်ဆောင်ချက်များတွင်ပါဝင်ရောယှက် လျက်ရှိသည်။
ဤကျမ်းစောင်၏အဋ္ဌိကတင်ပြချက်မှာ ဋ္ဌမ္မဟောင်းကျမ်းရှိ အခြားသမိုင်းကျမ်းစောင် များ၏အဋ္ဌိကတင်ပြချက်နှင့်တူညီသည်။ ၎င်းမှာဘုရားသခင်အားသစ္စာစောင့်လျှင် အောင်မြင်မှုအကျိုးကိုရရှိ၍ စကားတော် ကိုနားမထောင်လျှင်မူကားပျက်စီးဆုံးရှုံး ရမည်ဖြစ်ကြောင်းဟူ၍ဖြစ်သည်။ ထိုတင်ပြ ချက်သည်``ငါ့အားဂုဏ်ပြုချီးမြှင့်သူတို့ ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့ မြင်ပြုသူတို့ကိုစက်ဆုပ်ရွံရှာမည်'' (၂:၃၀)၊ ဟူသောကျမ်းချက်တွင်ပေါ်လွင်ထင်ရှား သည်။
ဤကျမ်းစောင်တွင်ဘုရင်အုပ်စိုးသည့်စနစ် ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ သဘောထား ချင်းမတူသောခံယူချက်များကိုဖော်ပြ ထားသည်။ ထာဝရဘုရားကိုယ်တော်တိုင် ဣသရေလအမျိုးသားတို့၏ ဘုရင်အစစ် အမှန်ဖြစ်သည်ဟုခံယူထားကြ၏။ သို့ရာ တွင်ထာဝရဘုရားသည်လူတို့တောင်းဆို သောကြောင့်ဘုရင်ကိုရွေးချယ်ပေးတော် မူ၏။ အရေးကြီးသောအချက်သည်ကား ဣသရေလအမျိုးသားတို့နှင့်တကွ အုပ် စိုးသည့်ဘုရင်သည်ဘုရားသခင်၏အုပ်စိုး မှုနှင့်တရားစီရင်မှုကိုခံယူရကြမည် ဆိုသည့်အချက်ပင်ဖြစ်သည် (၂:၇-၁၀)။ ဆင်းရဲ ချမ်းသားမရွေးလူအပေါင်းတို့၏အခွင့် အရေးကိုဘုရားသခင်၏ပညတ်တော် များကထိန်းထားစေရမည်။
အကြောင်းအရာအကျဉ်းချုပ်
ရှမွေလသည်ဣသရေလအမျိုးသားတို့၏
တရားသူကြီးအဖြစ်ဆောင်ရွက်ခြင်း ၁:၁-၇:၁၇
ရှောလုရှင်ဘုရင်ဖြစ်လာခြင်း ၈:၁-၁၀:၂၇
ရှောလု၏အဦးပိုင်းနန်းစံနှစ်များ ၁၁:၁-၁၅:၃၅
ဒါဝိဒ်နှင့်ရှောလု ၁၆:၁-၃၀:၃၁
ရှောလုနှင့်သားများကွယ်လွန်ခြင်း ၃၁:၁-၁၃
ရှိလောမြို့သို့ရောက်ရှိသောဧလကာနနှင့် အိမ်ထောင်စု
၁
၁ ဧဖရိမ်တောင်ကုန်းဒေသရှိရာမမြို့တွင် ဧလကာနဟုနာမည်တွင်သောလူတစ် ယောက်ရှိ၏။ သူသည်ဧဖရိမ်အနွယ်ဝင်ဖြစ် ၍အဖမှာယေရောဟံ၊ အဖိုးကားဧလိ ဖြစ်၏။ သူသည်ဇုဖသားချင်းစု၊ တောဟူ အိမ်ထောင်စုဝင်ဖြစ်သတည်း။-
၂ ဧလကာနတွင်ဟန္နနှင့်ပေနိန္နဟူသောမယား နှစ်ယောက်ရှိ၏။ ပေနိန္နတွင်သားသမီးများရှိ ၍ဟန္နမှာမရှိချေ။-
၃ ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။-
၄ ဧလကာနသည်ယဇ်ပူဇော်သည့်အခါ ပေနိန္န နှင့်သားသမီးတို့အားဝေစုတစ်စုစီခွဲဝေ ပေး၏။-
၅ ဟန္နကိုမူအထူးဝေစုပေး၏။ ထာဝရဘုရား သည်ဟန္နအားသားသမီးမွေးဖွားခွင့်ကိုပေး တော်မမူသော်လည်း ဧလကာနသည်ဟန္န အားလွန်စွာချစ်မြတ်နိုးလေသည်။-
၆ ဟန္နတွင်သားသမီးမရသဖြင့်သူ၏ပြိုင် ဘက်ဖြစ်သူ ပေနိန္နသည်ဟန္နအားရှုတ်ချကာ စိတ်ဒုက္ခပေးလေ့ရှိ၏။-
၇ ဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။-
၈ သူ၏ခင်ပွန်းဧလကာနက``ဟန္န၊ သင်သည် အဘယ်ကြောင့်ငိုကြွေးနေပါသနည်း။ အဘယ် ကြောင့်အစားအစာမစားသောက်ဘဲနေပါ သနည်း။ အဘယ်ကြောင့်အစဉ်ပင်စိတ်မချမ်းမ သာဖြစ်၍နေပါသနည်း။ ငါသည်သင်၏အဖို့ သားတစ်ကျိပ်ထက်အဖိုးထိုက်သည်မဟုတ်ပါ လော'' ဟုမေးလေ့ရှိ၏။
ဟန္နနှင့်ဧလိ
၉-၁၀ အခါတစ်ပါး၌သူတို့သည်ရှိလောမြို့ရှိထာဝရ ဘုရား၏အိမ်တော်တွင် အစားအစာစားသောက် ကြပြီးသောအခါ ဟန္နသည်စိတ်မချမ်းမသာ ဖြစ်လျက်ထ၍ပြင်းပြစွာငိုယိုကာ ထာဝရ ဘုရား၏ထံတော်သို့ဆုတောင်းပတ္ထနာပြု လေ၏။ (ထိုအခါဧလိသည်တံခါးအနီး မိမိထိုင်နေကျနေရာတွင်ထိုင်လျက်နေ သတည်း။-)
၁၁ ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
၁၂ ဟန္နသည်အချိန်ကြာမြင့်စွာဆိတ်ဆိတ်ဆု တောင်းပတ္ထနာပြု၏။ ဧလိသည်သူ၏နှုတ် ကိုကြည့်ရှုလျက်နေ၏။-
၁၃ ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
၁၄ ဧလိက``သင်သည်အဘယ်မျှကြာအရက်မူး လျက်နေပါသနည်း။ အရက်ကိုကြဉ်ရှောင် လော့'' ဟုဆို၏။
၁၅ ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-
၁၆ ကျွန်မအားတန်ဖိုးမရှိသည့်မိန်းမဟုမထင် မှတ်ပါနှင့်။ ကျွန်မသည်အလွန်စိတ်မချမ်းမသာ ဖြစ်သဖြင့် ဤသို့ဆုတောင်းပတ္ထနာပြုလျက်နေ ခြင်းဖြစ်ပါ၏'' ဟုပြန်၍လျှောက်၏။
၁၇ ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။
၁၈ ဟန္နကလည်း``ကျွန်မသည်အရှင်ပေးသည့်ကောင်း ချီးမင်္ဂလာကိုခံရပါစေသော'' ဟုလျှောက်လေ၏။ ထိုနောက်သူသည်စိတ်သက်သာမှုရလျက်ထွက် ခွာသွားပြီးလျှင် အစားအစာအနည်းငယ်ကို စားလေ၏။
ရှမွေလကိုဖွားမြင်ခြင်းနှင့်ဆက်ကပ်ပူဇော်ခြင်း
၁၉ နောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊-
၂၀ ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။
၂၁ ဧလကာနသည်မိမိ၏အိမ်ထောင်စုနှင့်အတူ နှစ်စဉ်ပူဇော်နေကျယဇ်ကိုလည်းကောင်း၊ မိမိ သစ္စာဝတ်ကိုဖြေရာအထူးယဇ်ကိုလည်းကောင်း ဘုရားသခင်အားပူဇော်ရန်ရှိလောမြို့သို့ သွားရောက်ဖို့အချိန်ကျရောက်လာပြန်၏။-
၂၂ သို့ရာတွင်ယခုအကြိမ်၌ဟန္နသည်မလိုက် ဘဲနေ၏။ သူသည်မိမိခင်ပွန်းအား``ကလေး ကိုနို့ဖြတ်ပြီးလျှင်ပြီးချင်း သူ့အားထာဝရ ဘုရား၏အိမ်တော်တွင်အမြဲနေစေရန် ကျွန်မခေါ်ဆောင်သွားပါမည်'' ဟုပြော၏။
၂၃ ဧလကာနက``ကောင်းပြီ။ သင်ပြုလိုသည် အတိုင်းပြုပါလေ။ ကလေးနို့ဖြတ်သည်တိုင် အောင်အိမ်တွင်နေလော့။ သင်ပြုသောသစ္စာကတိ ကိုအကောင်အထည်ဖော်နိုင်ရန် ထာဝရဘုရား ကူမတော်မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ ဟန္နသည်သူငယ်ကိုနို့တိုက်လျက်၊ နို့မဖြတ် မီတိုင်အောင်အိမ်မှာနေလေ၏။
၂၄ သူသည်သားငယ်ကိုနို့ဖြတ်ပြီးသောအခါ သုံးနှစ်သားနွားထီး ကလေးတစ်ကောင်၊ မုန့်ညက်တစ်တင်း၊ စပျစ်ရည် တစ်ဘူးကိုယူဆောင်လျက်သားငယ်နှင့်အတူ ရှိလောမြို့သို့သွား၏။ သားငယ်ရှမွေလသည် လွန်စွာငယ်ရွယ်နုနယ်သေးသတည်း။-
၂၅ နွားကိုသတ်ပြီးနောက်သူငယ်ကိုဧလိထံသို့ ယူဆောင်သွားကြ၏။-
၂၆ ဟန္နကဧလိအား``အရှင်၊ ကျွန်မသည်အထက် ကအရှင်၏အနီး၌ရပ်လျက် ထာဝရဘုရား ထံသို့ဆုတောင်းပတ္ထနာပြုသောမိန်းမဖြစ် ပါ၏။-
၂၇ ကျွန်မသည်ထာဝရဘုရားထံတော်တွင် ဤ သားဆုကိုပန်ပါ၏။ ဆုပန်သည့်အတိုင်း ကိုယ်တော်သည်ပေးသနားတော်မူပါပြီ။-
၂၈ သို့ဖြစ်၍ကျွန်မသည်သူ့ကိုထာဝရဘုရား အား ဆက်ကပ်အပ်နှင်းပါ၏။ သူအသက်ရှင် သမျှကာလပတ်လုံးထာဝရဘုရား အားအပ်နှင်းပါ၏'' ဟုလျှောက်ထား၏။
ထိုနောက်သူတို့သည်ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြ၏။