25
 1 ``အကယ်၍ဣသရေလအမျိုးသားနှစ်ဦး သည်ရုံးတွင် တရားဆိုင်ကြရာ၌တစ်ဦးသည် အပြစ်မရှိ၊ အခြားတစ်ဦးသည်အပြစ်ရှိ သည်ဟူ၍စီရင်သောအခါ၊-  2 အပြစ်ရှိသောသူသည်ကြိမ်ဒဏ်ခံထိုက်လျှင် သူ့အားမှောက်စေပြီးကြိမ်ဒဏ်ပေးရမည်။ ထို သူကူးလွန်သောအပြစ်ကြီးငယ်အလိုက် ကြိမ်ဒဏ်အချက်ကိုသတ်မှတ်ရမည်။-  3 သို့သော်လည်းကြိမ်ဒဏ်အချက်လေးဆယ် ထက်မပိုစေရ။ ထိုထက်ပိုလျှင်သူ့အား လူပုံလယ်၌အရှက်ခွဲရာရောက်မည်။✡ ၂ကော၊ ၁၁:၂၄။ 
 4 ``စပါးနယ်နေသောနွားကိုပါးချုပ်တပ်၍ မထားရ။✡ ၁ကော၊ ၉:၉။ ၁တိ၊ ၅:၁၈။ 
သေဆုံးသူညီအစ်ကိုအားပြုအပ်သောဝတ္တရား 
 5 ``ညီအစ်ကိုနှစ်ဦးတို့သည်အတူတူနေထိုင် ၍ တစ်ဦးသည်သားမကျန်ရစ်ဘဲသေဆုံးခဲ့ လျှင် သူ၏ဇနီးမုဆိုးမသည်သူစိမ်းယောကျာ်း တစ်ဦးဦးနှင့်မစုံဖက်စေရ။ သေဆုံးသူ၏ ညီက ထိုမိန်းမကိုမယားအဖြစ်သိမ်းပိုက် ရမည်။-✡ မ၊ ၂၂:၂၄။ မာ၊ ၁၂:၁၉။ လု၊ ၂၀:၂၈။  6 ဣသရေလလူမျိုးတွင်သေဆုံးသူ၏မိသားစု မျိုးဆက်မပျောက်စေရန် ထိုမိန်းမ၌ဖွားမြင် သောသားဦးသည်သေသူ၏တရားဝင်သား ဖြစ်စေရမည်။-  7 အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-✡ ရု၊ ၄:၇-၈။  8 ထိုအခါမြို့အကြီးအကဲတို့က ထိုမိန်းမ ၏မတ်ကိုခေါ်၍မေးမြန်းရမည်။ သူကထို မိန်းမနှင့်မစုံဖက်လိုပါဟူ၍ငြင်းဆန် နေသေးလျှင်၊-  9 သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-  10 ဣသရေလလူမျိုးတွင် ထိုသူ၏မိသားစု ကို`ဖိနပ်အချွတ်ခံရသူ၏မိသားစု' ဟူ၍ ခေါ်တွင်စေရမည်။ 
အခြားပညတ်များ 
 11 ``အကယ်၍လူနှစ်ဦးခိုက်ရန်ဖြစ်နေစဉ် တစ် ဦး၏မယားသည် မိမိ၏လင်ယောကျာ်းဘက် မှကူညီ၍ အခြားယောကျာ်း၏တန်ဆာကို ကိုင်ဆွဲလျှင်၊-  12 ထိုမိန်းမ၏လက်ကို ဖြတ်ပစ်ရမည်။ သူ့ကို မသနားမညှာတာရ။-  13-14 ``သင်တို့သည်အလေး၊ တင်းတောင်းတို့ဖြင့် ခြင်တွယ်သောအခါ မမှန်မကန်မခြင် တွယ်ရ။-✡ ဝတ်၊ ၁၉:၃၅-၃၆။  15 သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် သင်တို့ အသက်ရှည်စွာနေထိုင်နိုင်ရန်မှန်ကန် တိကျသော အလေး၊ တင်း၊ တောင်းများကို အသုံးပြုကြလော့။-  16 ထာဝရဘုရားသည် လိမ်လည်လှည့်ဖြား သောသူများကိုရွံရှာတော်မူ၏။ 
အာမလက်အမျိုးသားတို့အားသုတ်သင်ရန် အမိန့်တော် 
 17 ``အီဂျစ်ပြည်မှသင်တို့ထွက်လာစဉ်က သင် တို့အားအာမလက်အမျိုးသားတို့မည်ကဲ့ သို့ရန်မူခဲ့ပုံကိုသတိရကြလော့။-✡ ထွ၊ ၁၇:၈-၁၄။ ၁ရာ၊ ၁၅:၂-၉။  18 သူတို့သည်ဘုရားသခင်ကိုမကြောက်ရွံ့ သဖြင့် သင်တို့အားကုန်၍မောပန်းလျက်ရှိ ကြစဉ် သင်တို့နောက်မှလိုက်၍တိုက်ခိုက်ကြ ၏။ နောက်ကျန်နေသူအားလုံးကိုလည်း လုပ် ကြံသတ်ဖြတ်ခဲ့ကြ၏။-  19 သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။