33
ဣသရေလအမျိုးသားတို့အားမောရှေ ကောင်းချီးပေးခြင်း 
 1 ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။ 
 2 ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ 
ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ 
ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ 
ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော 
ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။ 
 3 ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ 
မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ 
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို 
ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။ 
 4 အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ 
ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။ 
 5 ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ 
ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။ 
 6 ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ 
``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊'' 
 7 ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ 
``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ 
အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ 
အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ 
သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။'' 
 8 လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ 
``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို 
ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် 
သုမိမ်နှင့်ဥရိမ်3 * သုမိမ်နှင့်ဥရိမ်။ ဘုရားသခင်၏အလိုတော်သိနိုင်ရန် ယဇ်ပုရောဟိတ်တို့အသုံးပြုသောအရာ နှစ်ခု။ မည်သို့အသုံးပြုသည်ကိုကားသေချာ စွာမသိရပါ။ အားဖြင့်ဖော်ပြတော်မူပါ၏။ 
ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ 
မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။✡ ထွ၊ ၂၈:၃၀၊ ၁၇:၇။ တော၊ ၂၀:၁၃။ 
 9 သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို 
ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ 
သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို 
လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။ 
 10 သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား 
ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ 
ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။ 
 11 အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ 
သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ 
သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။'' 
 12 ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ 
``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ 
ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ 
သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။'' 
 13 ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ 
``ထာဝရဘုရားသည်သူတို့၏နယ်မြေပေါ်တွင် မိုးရွာစေရန်လည်းကောင်း၊ 
မြေအောက်မှရေထွက်စေရန်လည်းကောင်း ကူမတော်မူပါစေသော။ 
 14 သူတို့၏နယ်မြေသည်နေပူရှိန်ဖြင့်မှည့်သော သစ်သီး၊ 
ရာသီအလိုက်ပေါ်သောအဖိုးတန်သစ်သီး တို့နှင့် ကြွယ်ဝပါစေသော။ 
 15 သူတို့၏ရှေးတောင်ကုန်းများသည်အဖိုးတန် သစ်သီးများနှင့်လှိုင်ပါစေသော။ 
 16 မီးလျှံတောက်လောင်သောချုံထဲမှ 
မိန့်ကြားတော်မူသောထာဝရဘုရား ကောင်းချီးပေးတော်မူသောအားဖြင့်၊ 
သူတို့၏နယ်မြေမှအဖိုးတန်သီးနှံ များ ထွက်ပါစေသော။ 
ယောသပ်သည်သူ၏ညီအစ်ကိုတို့တွင် ခေါင်းဆောင် ဖြစ်သောကြောင့်သူ၏အနွယ်သည် 
ထိုကောင်းချီးမင်္ဂလာတို့ကိုခံစားရပါ စေသော။ 
 17 ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ 
သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် 
ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ 
သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို 
မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။'' 
 18 ဇာဗုလုန်နှင့်ဣသခါအနွယ်ကိုရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ 
``ဇာဗုလုန်အနွယ်သည်ပင်လယ်ခရီးဖြင့် ရောင်းဝယ်ဖောက်ကား၍စီးပွားတိုးတက်ပါစေ။ 
ဣသခါအနွယ်သည်မိမိတို့နယ်မြေအတွင်း၌ ဥစ္စာပစ္စည်းကြွယ်ဝပါစေ။ 
 19 သူတို့သည်လူမျိုးခြားတို့ကိုတောင်ပေါ်သို့ ဖိတ်ခေါ်လျက် 
ပူဇော်ထိုက်သောယဇ်များကိုပူဇော်ကြ၏။ 
သူတို့သည်ပင်လယ်မှလည်းကောင်း ကမ်းခြေတစ်လျှောက်ရှိသဲမှလည်းကောင်း 
ဥစ္စာဘဏ္ဍာများရရှိကြသည်။'' 
 20 ဂဒ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ 
``ဂဒ်အနွယ်၏နယ်မြေကိုကျယ်ဝန်းစေသော ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ 
ဂဒ်အနွယ်သည်ခြင်္သေ့သဖွယ်လက်မောင်း သို့မဟုတ် ဦးခေါင်းခွံကိုကိုက်ဖြတ်ရန်ချောင်းနေ၏။ 
 21 သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။ 
ခေါင်းဆောင်အနေဖြင့်ရထိုက်သောနယ်မြေကို သူတို့အားခွဲဝေပေးကြ၏။ 
ဣသရေလအမျိုးသားခေါင်းဆောင်တို့စုရုံး လာကြသောအခါ၊ 
သူတို့သည်ထာဝရဘုရား၏အမိန့်တော်နှင့် ပညတ်တော်များကိုလိုက်နာကြ၏။'' 
 22 ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ 
``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။'' 
 23 နဿလိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ 
``နဿလိအနွယ်သည်ထာဝရဘုရား၏ 
ကျေးဇူးတော်ကြောင့်ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ ခံစားရ၏။ 
သူတို့၏နယ်မြေသည်ဂါလိလဲအိုင်မှ တောင်ဘက်အထိကျယ်ဝန်း၏။'' 
 24 အာရှာအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆို လေသည်။ 
``အာရှာအနွယ်သည်အခြားအနွယ်တို့ထက် ပို၍ကောင်းချီးမင်္ဂလာခံစားရ၏။ 
သူသည်ညီအစ်ကိုချင်းတို့တွင်မျက်နှာ ပွင့်လန်းဆုံးဖြစ်ပါစေ။ 
သူ၏နယ်မြေတွင်ဆီထွက်သောသံလွင်ပင် မြောက်မြားစွာဖြစ်ထွန်းပါစေ။ 
 25 သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ 
သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။'' 
 26 ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ 
ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် 
မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။ 
 27 ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။ 
ထာဝရလက်ရုံးတော်သည်သင်တို့ကို ထောက်ပင့်တော်မူ၏။ 
ကိုယ်တော်သည်သင်တို့ချီတက်ရာလမ်းမှ ရန်သူများကိုနှင်ထုတ်တော်မူ၏။ 
ထိုရန်သူအပေါင်းတို့ကိုသုတ်သင်ဖျက်ဆီးရန် သင်တို့အားအမိန့်ပေးတော်မူ၏။ 
 28 သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ 
စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။ 
 29 ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ 
ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ 
သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် 
သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ 
သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ 
ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။