7
 1 ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-  2 ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။-  3 ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။ 
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူများစာရင်း 
(ဧဇ၊ ၂:၁-၇၀) 
 4 ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။-  5 ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။ 
 6 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။-  7 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံနှင့်ဗာနာတို့ဖြစ်သည်။ 
 8-25 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူလူဦးရေစာရင်းမှာသားချင်းစုအလိုက်အောက်ပါအတိုင်းဖြစ်၏။ 
| သားချင်းစု | ဦးရေ | 
| ပါရုတ် | ၂၁၇၂ | 
| ရှေဖတိ | ၃၇၂ | 
| အာရာ | ၆၅၂ | 
ပါဟတ်မောဘ (ယောရှုနှင့်ယွာဘတို့၏ 
| သားမြေးများ) | ၂၈၁၈ | 
| ဧလံ | ၁၂၅၄ | 
| ဇတ္တု | ၈၄၅ | 
| ဇက္ခဲ | ၇၆၀ | 
| ဗိနွိ | ၆၄၈ | 
| ဗေဗဲ | ၆၂၈ | 
| အာဇဂဒ် | ၂၃၂၂ | 
| အဒေါနိကံ | ၆၆၇ | 
| ဗိဂဝဲ | ၂၀၆၇ | 
| အာဒိန် | ၆၅၅ | 
(ဟေဇကိဟုလည်းနာမည်တွင်သော) 
| အာတာဦးရေ | ၉၈ | 
| ဟာရှုံ | ၃၂၈ | 
| ဗေဇဲ | ၃၂၄ | 
| ဟာရိပ် | ၁၁၂ | 
| ဂိဗောင် | ၉၅ | 
 26-38 အောက်ဖော်ပြပါမြို့တို့တွင်နေထိုင်ခဲ့သူဘိုးဘေးများမှ ဆင်းသက်ပေါက်ဖွားလာသောသူများသည်လည်းပြန်လာကြလေသည်။ ဗက်လင်မြို့နှင့်နေတောဖမြို့ ၁၈၈ 
| အာနသုတ်မြို့ | ၁၂၈ | 
| ဗေသာဇမာဝက်မြို့ | ၄၂ | 
ကိရယက်ယာရိမ်မြို့၊ခေဖိရမြို့နှင့် 
| ဗေရုတ်မြို့ | ၇၄၃ | 
| ရာမမြို့နှင့်ဂါဗမြို့ | ၆၂၁ | 
| မိတ်မတ်မြို့ | ၁၂၂ | 
| ဗေသလနှင့်အာဣမြို့ | ၁၂၃ | 
| အခြားနေဗောမြို့ | ၅၂ | 
| အခြားဧလံမြို့ | ၁၂၅၄ | 
| ဟာရိမ်မြို့ | ၃၂၀ | 
| ယေရိခေါမြို့ | ၃၄၅ | 
| လောဒမြို့၊ ဟာဒိဒ်မြို့နှင့်သြနောမြို့ | ၇၂၁ | 
| သေနာမြို့ | ၃၉၃၀ | 
 39-42 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူယဇ်ပုရောဟိတ်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယေဒါယ (ယောရှု၏သားမြေးများ) ၉၇၃ 
| ဣမေရ | ၁၀၅၂ | 
| ပါရှုရ | ၁၂၄၇ | 
| ဟာရိမ် | ၁၀၁၇ | 
 43-45 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏ 
| သားမြေးများ) | ၇၄ | 
ဗိမာန်တော်ဂီတပညာသည်များ 
| (အာသပ်၏သားမြေးများ) | ၁၄၈ | 
ဗိမာန်တော်အစောင့်တပ်သားများ 
(ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊ 
| ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) | ၁၃၈ | 
 46-56 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ 
ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ 
ကေရုတ်၊သယ၊ပါဒုန်၊ 
လေဗန၊ဟာဂဗ၊ရှာလမဲ၊ 
ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ 
ရာယ၊ရေဇိန်၊နေကောဒ၊ 
ဂဇ္ဇမ်၊သြဇ၊ပါသာ၊ 
ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊ 
ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊ 
ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊ 
ဗာရကုတ်၊သိသရ၊တာမ၊ 
နေဇိနှင့်ဟတိဖ။ 
 57-59 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ 
သောတဲ၊သောဖရက်၊ပေရိဒ၊ 
ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ 
ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ 
ဇေဗိမ်နှင့်အာမုန်။ 
 60 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။ 
 61-62 တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။ 
 63-64 အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။) 
ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။-  65 ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ်7 * ဥရိမ်နှင့်သုမိမ်။ ဘုရားသခင်၏အလိုတော်သိရှိရန်ယဇ်ပုရောဟိတ်အသုံးပြုသည့်အရာနှစ်ခုဖြစ်သည်။ ယင်းတို့ကိုမည်ကဲ့သို့အသုံးပြုသည်ကိုမသိရ။ ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။✡ ထွ၊ ၂၈:၃၀။ တရား၊ ၃၃:၈။ 
 66 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူ 
စုစုပေါင်းဦးရေ ၄၂၃၆၀ 
 67-69 ack သူတို့၏အစေခံယောကျာ်း 
| မိန်းမ | ၇၃၃၇ | 
အမျိုးသားအမျိုးသမီး 
| ဂီတပညာသည်များ | ၂၄၅ | 
| မြင်း | ၇၃၆ ကောင် | 
| လား | ၂၄၅ ကောင် | 
| ကုလားအုတ် | ၄၃၅ ကောင် | 
| မြည်း | ၆၇၂၀ ကောင် | 
 70-72 ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀ 
ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် 
| အသုံးပြုသည့်အင်တုံ | ၅၀ | 
| ယဇ်ပုရောဟိတ်ဝတ်စုံ | ၅၃၀ | 
သားချင်းစုခေါင်းဆောင်များ 
| ရွှေ | ၃၃၇ပေါင် | 
| ငွေ | ၃၂၁၅ပေါင် | 
| ကျန်ပြည်သူများရွှေ | ၃၃၇ ပေါင် | 
| ငွေ | ၂၉၂၃ ပေါင် | 
| ယဇ်ပုရောဟိတ်ဝတ်စုံ | ၆၇ | 
 73 ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဂီတပညာသည်များ၊ သာမန်ပြည်သူအမြောက်အမြား၊ ဗိမာန်တော်အလုပ်သမားများအစရှိသောဣသရေလအမျိုးသားအပေါင်းတို့သည်ယုဒမြို့ရွာများတွင်အတည်တကျနေထိုင်ကြလေသည်။✡ ၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။