11
ပုန်ကန်တတ်သောလူမျိုးအပေါ်ထားရှိသော ဘုရားသခင်၏မေတ္တာတော် 
 1 ထာဝရဘုရားက၊ 
``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ 
ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။✡ ထွ၊ ၄:၂၂။ မ၊ ၂:၁၅။ 
 2 သို့သော်ငါသည်သူ့ကိုခေါ်လေလေသူသည် ငါ့ထံမှထွက်ခွာသွားလေလေပင်ဖြစ်သည်။ 
ငါ၏လူမျိုးတော်သည်ဗာလဘုရားထံ 
ယဇ်ပူဇော်၍ရုပ်တုများအားနံ့သာပေါင်း ကို မီးရှို့ပူဇော်ကြ၏။ 
 3 သို့ရာတွင်ငါသာလျှင်ဧဖရိမ်ကို 
လမ်းလျှောက်တတ်ရန်သင်ပေးခဲ့သူဖြစ်၍၊ ငါသည်သူတို့ကိုလက်ဖြင့်ပိုက်ထွေးခဲ့၏။ 
သို့သော်လည်းငါသည်သူတို့အားစောင့် ရှောက် ပြုစုခဲ့ကြောင်းကိုသူတို့မသိ။ 
 4 ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။ 
သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ 
ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။ 
 5 ``သူတို့သည်ငါ့ထံပြန်မလာကြသဖြင့် အီဂျစ်ပြည်သို့ပြန်ရကြမည်။ အာရှုရိ ဘုရင်သည်သူတို့ကိုအုပ်စိုးလိမ့်မည်။-  6 သူတို့၏မြို့များသည်စစ်ဘေးစစ်ဒဏ်ကို ခံရ၍မြို့တံခါးတို့သည်ပြိုပျက်ကြလိမ့် မည်။ ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အတိုင်းကျင့်ကြံကြသဖြင့်သုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။-  7 သူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။ 
 8 ``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ 
ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ 
ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ 
ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ 
သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ 
သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ 
ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။✡ တရား၊ ၂၉:၂၃။ 
 9 ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ 
ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ 
အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ 
သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ 
ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ 
ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။ 
 10 ``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-  11 ငှက်များကဲ့သို့အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့အာရှုရိပြည်မှလည်းကောင်း လျင်မြန်စွာပျံလာကြလိမ့်မည်။ ငါသည်သူ တို့အားမိမိတို့နေရင်းပြည်သို့တစ်ဖန်ခေါ် ဆောင်လာမည်။ ဤသည်ကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။ 
ဣသရေလနှင့်ယုဒတို့အားပြစ်တင်ရှုတ်ချခြင်း 
 12 ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။