27
ဇလောဖဒ်၏သမီးများ 
 1 ဇလောဖဒ်သည်ဟေဖေရ၏သား၊ ဟေဖေရ သည်ဂိလဒ်၏သား၊ ဂိလဒ်သည်မာခိရ၏သား၊ မာခိရသည်မနာရှေ၏သား၊ မနာရှေသည် ယောသပ်၏သားဖြစ်သည်။ ဇလောဖဒ်၏သမီး များဖြစ်ကြသောမာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာနှင့်တိရဇာတို့သည်၊-  2 တဲတော်တံခါးဝသို့လာရောက်၍မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်များ နှင့်ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့တွင်ရပ်လျက်၊-  3 ``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။-  4 သူ၌သားယောကျာ်းမထွန်းကားသောကြောင့် သူ၏နာမည်သည်ဣသရေလအမျိုးမှ ပျောက်ကွယ်သွားရမည်လော။ ကျွန်မတို့ဖခင် ၏ဆွေမျိုးသားချင်းတို့အားမြေခွဲဝေပေး သကဲ့သို့ ကျွန်မတို့အားခွဲဝေပေးပါ'' ဟုတောင်းလျှောက်ကြလေသည်။ 
 5 ထိုအခါမောရှေသည်သူတို့၏တောင်းဆို ချက်ကို ထာဝရဘုရားထံတင်လျှောက် ရာ၊-  6 ထာဝရဘုရားက၊ 
 7 ``ဇလောဖဒ်၏သမီးများတောင်းဆိုချက်သည် သင့်လျော်သဖြင့်သူတို့ဖခင်၏ဆွေမျိုးသား ချင်းတို့အားမြေခွဲဝေပေးသကဲ့သို့ သူတို့ အားခွဲဝေပေးလော့။ သူတို့ဖခင်၏အမွေ ကိုသူတို့ဆက်ခံကြစေ။-✡ တော၊ ၃၆:၂။  8 တစ်စုံတစ်ယောက်သည်သားယောကျာ်းမကျန် ရစ်ဘဲ သေဆုံးခဲ့သည်ရှိသော်သူ၏သမီးသည် ထိုသူ၏အမွေကိုဆက်ခံရမည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့အားကြားပြော လော့။-  9 အကယ်၍ထိုသူ၌သမီးလည်းမကျန်ရစ် ခဲ့လျှင် သူ၏ညီအစ်ကိုတို့သည်သူ၏အမွေ ကိုဆက်ခံရမည်။-  10 အကယ်၍ထိုသူ၌ညီအစ်ကိုများလည်း မကျန်ရစ်လျှင်သူ၏ဘကြီး၊ ဘထွေးတို့ ကအမွေကိုဆက်ခံရမည်။-  11 ထိုသူ၌ညီအစ်ကိုသို့မဟုတ်ဘကြီးဘထွေး များမကျန်ရစ်ခဲ့လျှင် အနီးစပ်ဆုံးဆွေမျိုး အားအမွေကိုဆက်ခံသိမ်းပိုက်စေရမည်။ ငါ ထာဝရဘုရားသည်သင့်အားမိန့်မှာတော် မူသည့်အတိုင်း ဣသရေလအမျိုးသားတို့ သည်ဤစီရင်ထုံးဖွဲ့ချက်ကိုလိုက်နာဆောင် ရွက်ကြရမည်'' ဟုမိန့်တော်မူ၏။ 
မောရှေအားဆက်ခံရန်ယောရှုကို ရွေးကောက်တော်မူခြင်း 
(တရား၊ ၃၁:၁-၈) 
 12 တစ်ဖန်ထာဝရဘုရားသည်မောရှေအား``အာဗ ရိမ်တောင်ပေါ်သို့တက်၍ဣသရေလအမျိုးသား တို့အား ငါပေးမည့်ပြည်ကိုမျှော်ကြည့်လော့။-  13 အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။-  14 အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)✡ တရား၊ ၃:၂၃-၂၇၊ ၃၂:၄၈-၅၂။ 
 15 ထိုအခါမောရှေကထာဝရဘုရားအား၊ 
 16 ``အသက်သခင်ထာဝရဘုရားရှင်၊ ကိုယ်တော် ၏လူမျိုးတော်သည်သိုးထိန်းမရှိသောသိုး များကဲ့သို့ အားကိုးရာမဲ့မဖြစ်စေခြင်းငှာ သူတို့ကိုခေါင်းဆောင်၍၊-  17 တိုက်ပွဲများ၌ဦးစီးနိုင်သူတစ်ဦးကိုခန့် ထားတော်မူပါ'' ဟုလျှောက်ထားလေ၏။✡ ၃ရာ၊ ၂၂:၁၇။ ယေဇ၊ ၃၄:၅။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။ 
 18 ထာဝရဘုရားသည်မောရှေအား``နုန်၏သား ယောရှုသည်အစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ် သောကြောင့် သူ၏ဦးခေါင်းပေါ်မှာသင့်လက် ကိုတင်လော့။-✡ ထွ၊ ၂၄:၁၃။  19 ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။-  20 ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။-  21 ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-✡ ထွ၊ ၂၈:၃၀။ ၁ရာ၊ ၁၄:၄၁၊ ၂၈:၆။  22 မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-  23 ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။✡ တရား၊ ၃၁:၂၃။