79
အမျိုးသားလွတ်မြောက်ရေးအတွက် ဆုတောင်းပတ္ထနာ16 * ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ 
သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ 
ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။✡ ၄ရာ၊ ၂၅:၈-၁၀။ ၆ရာ၊ ၃၆:၁၇-၁၉။ ယေ၊ ၅၂:၁၂-၁၄။ 
 2 သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏ 
အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊ 
ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို 
သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။ 
 3 သူတို့သည်ကိုယ်တော်ရှင့်လူစု၏သွေးကို ရေကဲ့သို့ ယိုစီးစေကြပါ၏။ 
သွေးချောင်းသည်ယေရုရှလင်မြို့ကိုဖြတ်၍ စီးဆင်းလျက်ရှိပါ၏။ 
အလောင်းများကိုသင်္ဂြိုဟ်မည့်သူတစ်စုံ တစ်ယောက်မျှ မကျန်တော့ပါ။ 
 4 ပတ်လည်ရှိတိုင်းနိုင်ငံတို့သည်ကျွန်တော်မျိုး တို့အား ပြက်ရယ်ပြုကြပါ၏။ ကဲ့ရဲ့ပြောင်လှောင်ကြပါ၏။ 
 5 အို ထာဝရဘုရား၊ 
ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ 
အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။ 
 6 ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် 
လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ 
ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။ 
 7 ထိုသူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို သတ်ဖြတ်ကြပါပြီ။ 
ပြည်တော်ကိုလည်းယိုယွင်းပျက်စီးစေကြပါပြီ။ 
 8 ဘိုးဘေးတို့၏အပြစ်များအတွက် 
ကျွန်တော်မျိုးတို့အားဒဏ်ခတ်တော်မမူပါနှင့်။ 
ယခုကျွန်တော်မျိုးတို့ကိုသနားတော်မူပါ။ 
ကျွန်တော်မျိုးတို့သည်မျှော်လင့်ရာမဲ့လျက် ရှိကြပါ၏။ 
 9 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးတို့ကိုကူမတော်မူပါ။ ကယ်မတော်မူပါ။ 
ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့ကိုကယ်ဆယ်တော်မူ၍ 
ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။ 
 10 ``သင်တို့၏ဘုရားသည်အဘယ်မှာနည်း'' ဟု 
လူမျိုးတကာတို့သည်အဘယ်ကြောင့် မေးရကြပါမည်နည်း။ 
ကိုယ်တော်ရှင်၏အစေခံတို့၏သွေးကိုသွန်သည့် လူမျိုးတို့အားအပြစ်ဒဏ်ခတ်တော်မူသည်ကို 
ကျွန်တော်မျိုးတို့မြင်ရကြပါစေသော။ 
 11 အကျဉ်းသားတို့၏ညည်းညူသံများကို နားထောင်တော်မူ၍သေဒဏ်သင့်သူတို့အား 
ကိုယ်တော်ရှင်၏မဟာတန်ခိုးတော်ဖြင့် လွတ်မြောက်စေတော်မူပါ။ 
 12 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် 
တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။ 
 13 ထိုအခါသိုးစုတော်တည်းဟူသောကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သည့်ကျွန်တော်မျိုးတို့သည် 
ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ ပါမည်။ 
သားစဉ်မြေးဆက်ဂုဏ်တော်ကိုချီးကူးကြ ပါမည်။