တမန်တော်ဝတ္ထု
နိဒါန်း
တမန်တော်ဝတ္ထုသည်ရှင်လုကာပြုစုသည့် သတင်းကောင်း၏အဆက်ဖြစ်သည်။ တမန်တော် ဝတ္ထု၏အဋ္ဌိကရည်ရွယ်ချက်မှာ တပည့်တော် ဦးတို့သည်သန့်ရှင်းသောဝိညာဥ်တော်၏ ရှေ့ဆောင်လမ်းပြမှုဖြင့်ယေရုရှလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်နှင့်ကမ္ဘာမြေကြီး စွန်းတိုင်အောင်သခင်ယေရှုအကြောင်း သတင်းကောင်းကိုဟောပြောကြေညာခဲ့ပုံ ကိုတင်ပြရန်ဖြစ်၏။ (1:8) တမန်တော်ဝတ္ထုတွင် ပါရှိသည့်အကြောင်းအရာမှာခရစ်ယာန် သာသနာတော်သည် ယုဒအမျိုးသားများ တွင်စတင်ထွန်းကားရာမှကမ္ဘာ့ဘာသာကြီး ဖြစ်လာကြောင်းပင်ဖြစ်၏။ ခရစ်ယာန်ဘာသာ ဝင်တို့သည်ရောမအင်ပါယာ၏လုံခြုံရေး ကိုထိပါးခြိမ်းခြောက်သူများမဟုတ်ကြောင်း ကိုလည်းကောင်း၊ ခရစ်ယာန်ဘာသာသည်ယုဒ ဘာသာကိုပြည့်ဝစုံလင်စေသောဘာသာပင် ဖြစ်ကြောင်းကိုလည်းကောင်း စာဖတ်သူတို့ ကောင်းစွာနားလည်သဘောပေါက်စေရန်လည်း ကျမ်းပြုသူ၌ရည်ရွယ်ချက်ရှိပေသည်။
သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောကြေညာ၍အသင်းတော်များ ပေါ်ထွန်းခဲ့ရာနယ်မြေသည် အစဥ်တစိုက် တိုးတက်ကျယ်ပြန့်လျက်နေပုံကိုတင်ပြသည့် အနေဖြင့်တမန်တော်ဝတ္ထုကို (3) ပိုင်းခွဲ၍ ပြနိုင်သည်။ ယင်းတို့မှာ (1) ကောင်းကင်ဘုံသို့ သခင်ယေရှုတက်ကြွတော်မူပြီးနောက် ယေရုရှလင်မြို့တွင်ခရစ်ယာန်သာသနာ စတင်ထွန်းကားလာပုံ (2) ပါလတိနပြည် ရှိအခြားဒေသများသို့ပျံ့နှံ့သွားပုံနှင့် (3) ရောမမြို့တိုင်အောင်မြေထဲပင်လယ်ဒေသ တစ်လျှောက်သို့ထပ်ဆင့်ပ့ျံနှံ့သွားပုံတို့ဖြစ်သည်။
တမန်တော်ဝတ္ထုတွင်ပါရှိသောအရေးကြီးသည့် အကြောင်းအရာတစ်ခုမှာပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်မြို့တွင်တပည့်တော်တို့အပေါ်သို့ အရှိန်တန်ခိုးနှင့်ဆင်းသက်တော်မူသည့် သန့်ရှင်းသောဝိညာဥ်တော်၏လုပ်ဆောင်ချက် အကြောင်းပင်ဖြစ်၏။ ယင်းသို့ဆင်းသက်တော်မူသည့် သန့်ရှင်းသောဝိညာဥ်တော်သည်ထိုခေတ်အခါရှိ အသင်းတော်နှင့်အသင်းတော်ခေါင်းဆောင်များအား အားပေးရှေ့ဆောင်လမ်းပြတော်မူကြောင်းဖော်ပြ ပါရှိပေသည်။ ခရစ်ယာန်တရားဋ္ဌမ္မဦးအချုပ်ကို ဤကျမ်းစောင်တွင်ပါရှိသောဋ္ဌမ္မဒေသနာတို့တွင် တွေ့ရှိနိုင်သည်။ ခရစ်တော်ကိုသက်ဝင်ယုံကြည်သူတို့ ၏သက်ရှင်လှုပ်ရှားမှုနှင့်အသင်းတော်ဝင်တို့ ၏မိတ်သဟာယဖွဲ့မှုတို့က တရားတော်၏ တန်ခိုးအာနိသင်သက်ရောက်မှုကိုသက်သေ ထူလျက်ရှိကြောင်းတင်ပြထားပေသည်။
အကြောင်းအရာအကျဥ်းချုပ်
သခင်ယေရှုအကြောင်းသတင်းကောင်းကို
ကြေညာရန်ပြင်ဆင်ခြင်း 1:1-26
(က) သခင်ယေရှုနောက်ဆုံးပေးတော်မူသောပညတ်တော်နှင့်ကတိတော် 1:1-14
(ခ) ယုဒ၏နေရာကိုဆက်ခံသူ 1:15-26
ယေရုရှလင်မြို့တွင်သခင်ယေရှုအကြောင်း
သတင်းကောင်းကိုကြေညာခြင်း 2:1-8:3
ယုဒပြည်နှင့်ရှမာရိပြည်တွင်ကြေညာခြင်း 8:4-12:25
ပေါလုအမှုတော်ဆောင်ခြင်း 13:1:28:31
(က) ပထမသာသနာပြုခရီး 13:1-14:28
(ခ) ယေရုရှလင်မြို့တွင်ကျင်းပသည့်အသင်းတော်များ ကောင်စီအစည်းအဝေး 15:1-35
(ဂ) ဒုတိယသာသနာပြုခရီး 15:36-18:22
(ဃ) တတိယသာသနာပြုခရီး 18:23-21:16
(င) ယေရုရှလင်မြို့၊ ကဲသရိမြို့နှင့်ရောမမြို့တို့တွင်
ရှင်ပေါလုအကျဥ်းခံရခြင်း 21:17-28:31
1
1-2 အို သော်ဖိလု၊
သခင်ယေရှုသည်အမှုတော်ကိုစတင်ဆောင်ရွက် သည့်နေ့မှအစပြု၍ ကောင်းကင်ဘုံသို့ဆောင် ယူခြင်းကိုခံတော်မူသည့်နေ့တိုင်အောင် ပြုမူ သွန်သင်တော်မူသမျှတို့ကိုကျွန်ုပ်၏ပထမ စာစောင်တွင်ရေးသားဖော်ပြခဲ့ပါပြီ။ ကိုယ် တော်သည်ကောင်းကင်ဘုံသို့ဆောင်ယူခြင်း ကိုခံတော်မမူမီ ရွေးကောက်ထားတော် မူသောတမန်တော်တို့အား သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်ညွှန်ကြား တော်မူ၏။-✡ လု၊ ၁:၁-၄။ 3 ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။- 4 သူတို့သည်စုရုံးလာကြသောအခါကိုယ်တော် က``ယေရုရှလင်မြို့မှထွက်ခွာ၍မသွားကြ နှင့်။ ခမည်းတော်ကတိထားတော်မူသည့်ဆု ကျေးဇူးကိုစောင့်မျှော်လျက်နေကြလော့။ ထို ဆုကျေးဇူးအကြောင်းကိုယခင်ကသင်တို့ အားငါဖော်ပြခဲ့၏။-✡ လု၊ ၂၄:၄၉။ 5 ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။✡ မ၊ ၃:၁၁။ မာ၊ ၁၁:၈။ လု၊ ၃:၁၆။ ယော၊ ၁:၃၃။
ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကို ခံတော်မူခြင်း
6 တမန်တော်တို့သည်စုဝေးမိကြသောအခါ ကိုယ်တော်အား``သခင်ဘုရား၊ ဤအချိန်ကား ဣသရေလအမျိုးသားတို့အား မိမိတို့၏ နိုင်ငံကိုကိုယ်တော်ရှင်ပြန်လည်ပေးအပ်မည့် အချိန်ဖြစ်ပါသလော'' ဟုမေးလျှောက်ကြ၏။
7 ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။- 8 သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-✡ မ၊ ၂၈:၁၉။ မာ၊ ၁၆:၁၅။ လု၊ ၂၄:၄၇၊ ၄၈။ 9 ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။✡ မာ၊ ၁၆:၁၉။ လု၊ ၅၀:၅၁။
10 ဤသို့ကိုယ်တော်တက်ကြွတော်မူစဉ်တမန်တော် တို့သည် မိုးကောင်းကင်သို့အာရုံစိုက်၍ကြည့်နေ ကြ၏။ ထိုအခါဝတ်ဖြူစင်ကြယ်နှင့်လူနှစ်ယောက် သည်ရုတ်တရက်သူတို့အနီးတွင်ပေါ်လာလေ၏။- 11 ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။
ယုဒ၏နေရာကိုဆက်ခံသူ
12 ထိုနောက်တမန်တော်တို့သည်သံလွင်နာမည် တွင်သောတောင်မှ ယေရုရှလင်မြို့သို့ပြန်ကြ၏။ သံလွင်တောင်သည်ယေရုရှလင်မြို့နှင့်ခရီး မိုင်ဝက်ခန့်ဝေး၏။- 13 သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။-✡ မ၊ ၁၀:၂-၄။ မာ၊ ၁၃:၁၆-၁၉။ လု၊ ၆:၁၄-၁၆။ 14 သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
15 ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊- 16 ``ညီအစ်ကိုတို့၊ သခင်ယေရှုကိုဖမ်းဆီးသူတို့ ၏လမ်းပြဖြစ်သူ ယုဒရှကာရုတ်ကိုရည်မှတ်၍ ကျမ်းစာတော်တွင်ဖော်ပြပါရှိသည်အတိုင်းဖြစ် ပျက်ရမည်သာတည်း။ ဤကျမ်းချက်ကိုသန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်းနှုတ်အားဖြင့် ဟောကြားခဲ့၏။- 17 ယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။''
18 (သူသည်မိမိဆိုးညစ်ယုတ်မာမှုကြောင့်ရရှိ သည့်ငွေဖြင့်လယ်တစ်ကွက်ကိုဝယ်ပြီးနောက် ထိုလယ်မြေပေါ်တွင်လဲကျသေဆုံးလေသည်။ သူ၏ဝမ်းဗိုက်သည်ပေါက်၍အူများထွက်လာ၏။- 19 ယေရုရှလင်မြို့နေလူအပေါင်းတို့သည် ဤ အဖြစ်အပျက်အကြောင်းကိုကြားသိကြ၏။ သို့ဖြစ်၍ထိုလယ်ကိုမိမိတို့ဘာသာစကား ဖြင့် ``အကေလဒမ'' ဟုခေါ်ဆိုကြ၏။ အကေလ ဒမ၏အနက်ကား``သွေးလယ်'' ဟူ၏။)✡ မ၊ ၂၇:၃-၈။
20 ဆာလံကျမ်းတွင်၊
`သူ၏နေအိမ်သည်လူသူဆိတ်ညံရာဖြစ်ပါစေ၊
ထိုအိမ်တွင်အဘယ်သူမျှမနေပါစေနှင့်။
ထိုသူ၏ရာထူးကိုလည်းအခြားသူတစ်ဦးယူပါစေ'
ဟူ၍ရေးသားပါရှိ၏။✡ ဆာ၊ ၆၉:၂၅၊ ၁၀၉:၈။
21-22 ``ထို့ကြောင့်သခင်ယေရှုအား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူကြောင်းကို ငါတို့ နှင့်အတူသက်သေခံရန်လူတစ်ယောက်ကို ရွေးချယ်ရကြမည်။ ထိုသူသည်ယောဟန်၏ ဗတ္တိဇံကိုသခင်ဘုရားခံတော်မူချိန်မှစ ၍ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူချိန်အထိ ငါတို့နှင့်အတူသွားလာနေထိုင် ခဲ့သူတစ်ဦးဖြစ်ရမည်'' ဟုဆို၏။✡ မ၊ ၃:၁၆။ မာ၊ ၁:၉၊ ၁၆:၁၉။ လု၊ ၃:၂၁၊ ၂၄:၅၁။
23 သို့ဖြစ်၍တပည့်တော်တို့သည် လူနှစ်ယောက်မှ တစ်ယောက်ကိုရွေးကောက်ရန်အဆိုပြုကြ၏။ ထိုသူနှစ်ယောက်ကားဗာရှဗ (ခေါ်) ယုတ္တုနာမည် သစ်ကိုရသူယောသပ်နှင့်မဿိတို့ဖြစ်၏။- 24-25 ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။- 26 ထိုနောက်မဲချကြရာမဿိရရှိသဖြင့် သူ့အားတမန်တော်တစ်ကျိပ်တစ်ပါးတို့ နှင့်အတူ တမန်တော်ဖြစ်စေရန်ရွေးကောက် ခန့်ထားကြ၏။