ဧဖက်သြဝါဒစာ
နိဒါန်း
မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်ရှိအဖန် ဆင်းခံဟူသမျှအား ခရစ်တော်၏ဦးစီး ခေါင်းဆောင်မှုအောက်တွင်ရောက်ရှိစေရန် ဘုရား သခင်၏အကြံအစည်တော်ရှိကြောင်းဧဖက် သြဝါဒစာတွင် ရှေးဦးစွာဖော်ပြပါရှိပေ သည်(၁:၁၀) မနုဿလူသားတို့သည်သခင် ယေရှုနှင့်တစ်လုံးတစ်ဝတည်းရှိခြင်းအား ဖြင့် စည်းလုံးညီညွတ်ရေးတည်းဟူသောကြီး မြတ်လှသည့်အကြံအစည်တော်နှင့်အညီ ဘုရားသခင်၏လူစုတော်ကပြုမူကျင့် ကြံကြရန်သြဝါဒပါရှိသည်။
ကျမ်းပြုသူသည်ဧဖက်သြဝါဒစာပထမ ပိုင်းတွင် အဖဘုရားသခင်ကမိမိ၏လူစု တော်အားအဘယ်သို့ရွေးကောက်တော်မူသည် ကိုလည်းကောင်း၊ သားတော်သခင်ယေရှုအား ဖြင့်သူတို့၏အပြစ်များကိုအဘယ်သို့ ဖြေလွှတ်တော်မူသည်ကိုလည်းကောင်း၊ ဘုရား သခင်၏ကတိတော်အတိုင်းအကောင် အထည်ပေါ်လာမည်ဟု သန့်ရှင်းသောဝိညာဉ် တော်ကအဘယ်သို့အာမခံတော်မူသည် ကိုလည်းကောင်းတင်ပြကာ စည်းလုံးညီ ညွတ်မှုအကြောင်းကိုအကျယ်တဝင့် တင်ပြလေသည်။ ဒုတိယပိုင်းတွင်ကျမ်း ဖတ်သူတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိခြင်းအဖြစ်ကို အမှန် တကယ်လက်တွေ့အားဖြင့်ပြသကြ ရန်သြဝါဒပေးသည်။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိခြင်း အားဖြင့် ဘုရားသခင်၏လူစုတော်ဝင်တို့ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိကြ ပုံကို ဥပမာစကားများအားဖြင့်ဖော်ပြ ထားလေသည်။ ယင်းဥပမာစကားများ မှာအသင်းတော်သည်ခန္ဓာကိုယ်နှင့်တူ၍ ခရစ်တော်သည်အဆောက်အအုံ၏ထောင့် ချုပ်ကျောက်ဖြစ်ခြင်း၊ အသင်းတော်သည် ခင်ပွန်းရှိသည့်အမျိုးသမီးနှင့်တူ၍ ခရစ်တော်သည်ခင်ပွန်းဖြစ်ခြင်းစသည် တို့ဖြစ်သည်။ ကျမ်းပြုသူသည်ခရစ်တော် အားဖြင့်ရရှိအပ်သော ဘုရားသခင်၏ ကျေးဇူးတော်နက်ရှိုင်းအံ့သြဖွယ်ကောင်းပုံ ကိုစိတ်အားတက်ကြွစွာဖြင့်ရေးသား ရကား သူ၏ကလောင်မှာလွန်စွာထူးကဲ ထက်မြက်လှပေသည်။ ခရစ်တော်၏မေတ္တာ တော်၊ အသက်တော်ကိုတင်လှူပူဇော်တော် မူခြင်း၊ အပြစ်ဖြေလွှတ်တော်မူခြင်း၊ ကျေးဇူးတော်၊ ဖြူစင်သန့်ရှင်းတော်မူခြင်း စသည်တို့ကိုနောက်ခံထား၍ ကျမ်းပြုစု သူသည်ရေးသားတင်ပြပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၂
ခရစ်တော်နှင့်အသင်းတော် ၁:၃-၃:၂၁
ခရစ်တော်အားဖြင့်ရရှိသည့်ဘဝသစ် ၄:၁-၆:၂၀
နိဂုံး ၆:၂၁-၂၄
1
1 ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။✡ တ၊ ၁၈:၁၉-၂၁၊ ၁၉:၁။
2 ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကို သင်တို့ခံစားရပါစေသတည်း။
ခရစ်တော်အားဖြင့်ရရှိသည့် ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာများ
3 ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။- 4 ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊- 5 ငါတို့ကိုကိုယ်တော်၏သားများဖြစ်စေရန် ယေရှုခရစ်အားဖြင့်ရွေးကောက်တော်မူပြီး ဖြစ်သည်။ ဤကားကိုယ်တော်၏အလိုတော် နှင့်အကြံအစည်တော်ပင်ဖြစ်ပေသည်။- 6 ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။
7-8 ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-✡ ကော၊ ၁:၁၄။ 9 မိမိရည်ရွယ်ချက်အတိုင်းပြုတော်မူ၏။ ခရစ်တော်အားဖြင့်နက်နဲသောအကြံ အစည်တော်ကိုငါတို့အားသိစေတော်မူပြီ။- 10 ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။
11 ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။- 12 သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
13 သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။- 14 ဝိညာဉ်တော်သည်ဘုရားသခင်၏လူစုတော် အားကတိထားတော်မူသည့်အတိုင်း ငါတို့ ခံစားရမည်ဖြစ်ကြောင်းအာမခံချက်ဖြစ် တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်မိမိ ပိုင်တော်မူသောသူတို့အား လုံးဝလွတ်မြောက် စေတော်မူမည်ဖြစ်ကြောင်းငါတို့ယုံကြည် စိတ်ချနိုင်ပေသည်။ ငါတို့သည်ကိုယ်တော် ၏ဘုန်းအသရေတော်ကိုချီးကူး ထောမနာပြုကြကုန်စို့။
ပေါလု၏ဆုတောင်းပတ္ထနာ
15-16 ထို့ကြောင့်သင်တို့သည်သခင်ယေရှုကိုယုံ ကြည်ခြင်း၊ ဘုရားသခင်၏လူစုတော်အား ချစ်ခြင်းအကြောင်းကိုကြားသိရသည့် အခါမှစ၍ ငါသည်သင်တို့ကိုအကြောင်း ပြု၍အစဉ်မပြတ်ကျေးဇူးတော်ကို ချီးမွမ်း၏။ သင်တို့အတွက်ဆုတောင်း ပတ္ထနာပြုလျက်နေ၏။- 17 သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။- 18-19 ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊- 20 ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။-✡ ဆာ၊ ၁၁၀:၁။ 21 ထိုကောင်းကင်လောကတွင်ခရစ်တော်သည် ကောင်းကင်လောကကိုအစိုးရသူများ၊ အာ ဏာပိုင်များ၊ တန်ခိုးရှင်များနှင့်အရှင်သခင် အပေါင်းတို့၏အထွတ်အထိပ်အဖြစ်ဖြင့် အုပ်စိုးတော်မူ၏။ ကိုယ်တော်၏နာမတော် သည်မျက်မှောက်လောကနှင့်အနာဂတ် လောက၌ ခေါ်ဝေါ်သမုတ်နိုင်သောအထွတ် အထိပ်ဘွဲ့နာမအပေါင်းတို့ထက်ကြီး မြတ်တော်မူပေသည်။- 22 ဘုရားသခင်သည်ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၏ခြေဖဝါးတော်အောက်တွင်ချ ထား၍ ကိုယ်တော်အားအသင်းတော်အဖို့ အထွတ်အထိပ်အရှင်သခင်အဖြစ်ဖြင့် ခန့်ထားတော်မူ၏။-✡ ဆာ၊ ၈:၆။ 23 ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။✡ ကော၊ ၁:၁၈။