ရှင်ယုဒသြဝါဒစာ
နိဒါန်း
ရှင်ယုဒသြဝါဒစာကိုရေးသားရသည့် အကြောင်းမှာ မိမိတို့ကိုယ်ကိုခရစ်ယာန်များ ဟုခေါ်ဆိုသည့်မိစ္ဆာဆရာတို့နှင့်ပတ်သက်၍ သတိပေးလိုခြင်းဖြစ်၏။ ဤစာတိုကလေး တွင်ပါရှိသည့်အကြောင်းအရာများသည် ပေတရုသြဝါဒစာဒုတိယစောင်တွင် ပါရှိသည့်အကြောင်းအရာများနှင့်ညီ တူပေသည်။ ဘုရားသခင်၏လူစုတော်အား ကိုယ်တော်အပြီးအပိုင်ပေးအပ်တော်မူသော ယုံကြည်ခြင်းကိုဆက်လက်၍ကာကွယ်ကြရန် စာရေးသူကစာဖတ်သူတို့ကိုအားပေး တိုက်တွန်းသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း& ၁-၂
မိစ္ဆာဆရာများ၏စရိုက်၊ သြဝါဒနှင့်ကံကြမ္မာ ၃-၁၆
မိမိတို့၏ဘာသာတရားတော်ကိုစောင့်ထိန်းကြရန် သြဝါဒပေးခြင်း ၁၇-၂၃
ကောင်းချီးပေးခြင်း ၂၄-၂၅
1
1 ယေရှုခရစ်၏အစေခံနှင့်ယာကုပ်၏ညီဖြစ် သူ ယုဒထံမှဘုရားသခင်ခေါ်ယူရွေးကောက် တော်မူ၍ ခမည်းတော်ဘုရားသခင်၏မေတ္တာ ၌ခိုလှုံလျက် ယေရှုခရစ်စောင့်ထိန်းတော်မူ သောသူအပေါင်းတို့ထံသို့စာရေးလိုက်သည်။-✡ မ၊ ၁၃:၃၅။ မာ၊ ၆:၃။ 2 သင်တို့သည်ကရုဏာတော်၊ ငြိမ်သက်ခြင်း နှင့်မေတ္တာတော်ကိုအပြည့်အဝခံစားရ ကြပါစေသတည်း။
မိစ္ဆာဆရာများ
3 ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။- 4 အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။
5 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ကယ်ဆယ်ကာအီဂျစ်ပြည်မှ ထုတ်ဆောင်လာတော်မူပြီးနောက် မိမိအား မယုံကြည်မကိုးစားသူတို့ကိုဆုံးပါး ပျက်စီးစေတော်မူကြောင်းကို သင်တို့သိရှိ ကြပြီးဖြစ်သော်လည်းသင်တို့အားငါ ပြန်လည်သတိရစေလို၏။-✡ ထွ၊ ၁၂:၅၁။ တော၊ ၁၄:၂၉-၃၀။ 6 မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။- 7 သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။✡ က၊ ၁၉:၁-၂၄။
8 ဤဘုရားမဲ့သောသူတို့သည်လည်းထိုသူတို့ နည်းတူပင်ဖြစ်ကြ၏။ သူတို့သည်မိမိတို့ မြင်မက်သောရူပါရုံများကြောင့် မိမိတို့၏ ကိုယ်ခန္ဓာများကိုညစ်ညမ်းစေကြ၏။ ဘုရား သခင်၏အာဏာကိုမထီလေးစားပြုလျက် အထက်အရပ်မှဘုန်းအသရေရှင်တို့ကို စော်ကားကြ၏။- 9 ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင်ဤ အမှုမျိုးကိုမပြုချေ။ မောရှေ၏ကိုယ်ခန္ဓာ ကို အဘယ်သူယူသင့်သည်ဟူသောအချက် နှင့်ပတ်သက်၍ နတ်မိစ္ဆာကြီးနှင့်အငြင်းပွား ရာတွင် သူသည်နတ်မိစ္ဆာကြီးအားပြစ်တင် ရှုတ်ချမှုကိုမပြုဝံ့ဘဲ ``သင့်အားထာဝရ ဘုရားဆုံးမတော်မူပါစေ'' ဟူ၍သာ ပြောဆိုလေသည်။-✡ ဒံ၊ ၁၀:၁၃၊၂၁၊ ၁၂:၁။ ဗျာ၊ ၁၂:၇။ တရား၊ ၃၄:၆။ ဇာ၊ ၃:၂။ 10 သို့ရာတွင်ဤသူတို့သည်ကား မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ပြစ်တင်ရှုတ်ချတတ်ကြ၏။ တောတိရစ္ဆာန် များနည်းတူ မိမိတို့၏ပင်ကိုယ်ဇာတိစိတ် အားဖြင့်သိရှိနားလည်ရသည့်အရာများ ကလည်း သူတို့အားဆုံးရှုံးပျက်စီးစေ တတ်ကြ၏။- 11 သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-✡ က၊ ၄:၃-၈။ တော၊ ၂၂:၁-၃၅၊ ၁၆:၁-၃၅။ 12 သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။- 13 ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
14 အာဒံမှဆင်းသက်၍သတ္တမဆက်မြောက် သောသူဧနောက်က ဤသူတို့အကြောင်းနှင့် ပတ်သက်၍``ဘုရားသခင်သည်အတိုင်းမသိ များစွာသော မိမိ၏မြင့်မြတ်သန့်ရှင်းသော ကောင်းကင်တမန်များနှင့်ကြွလာ၍၊-✡ က၊ ၅:၁၈၊ ၂၁-၂၄။ 15 တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။- 16 ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။
သတိပေးချက်နှင့်ညွှန်ကြားချက်များ
17 သို့ရာတွင်ချစ်ဆွေတို့၊ ငါတို့အရှင်သခင် ယေရှုခရစ်၏တမန်တော်များက၊- 18 ``အဆုံးစွန်သောကာလ၌သင်တို့ကိုပြောင် လှောင်သူများ၊ မိမိတို့လိုအင်ဆန္ဒရှိသည့် အတိုင်း ဘုရားမဲ့ပြုမူကျင့်ကြံသူများ ပေါ်ပေါက်လာလိမ့်မည်'' ဟုယခင်ကသင် တို့အားပြောကြားခဲ့သည့်စကားကို သတိရကြလော့။-✡ ၂ပေ၊ ၃:၃။ 19 ထိုသူတို့သည်အသင်းတော်တွင်စိတ်ဝမ်း ကွဲပြားစေသူများ မိမိတို့နဂိုဇာတိစိတ် အလိုသို့လိုက်သူများ၊ ဝိညာဉ်တော်ကို မရသူများဖြစ်ကြ၏။- 20 သို့ရာတွင်ချစ်ဆွေတို့၊ သင်တို့သည်မိမိတို့ ၏အလွန်သန့်ရှင်းမြင့်မြတ်သည့်ယုံကြည်ခြင်း အပေါ်အခြေပြု၍ မိမိတို့ကိုယ်ကိုကြီးပွား စေကြလော့၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုအမှီပြု၍ဆုတောင်းပတ္ထနာ ပြုကြလော့။- 21 ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။
22-23 ယုံမှားသံသယဖြစ်သူတို့အားကရုဏာ ထားကြလော့။ အချို့သောသူတို့ကိုမီးထဲ မှကယ်ဆယ်ကြလော့။ အချို့သောသူတို့အား ကြောက်စိတ်ဖြင့်သနားကရုဏာပြကြ လော့။ ကာမဂုဏ်အညစ်အကြေးဖြင့် စွန်း ကွက်နေသည့်သူတို့၏အဝတ်အစားကို မူကားစက်ဆုပ်ရွံရှာကြလော့။
ဂုဏ်တော်ကိုချီးမွမ်းသည့်ဆုတောင်းပတ္ထနာ
24 သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊- 25 အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။