12
 1  ထို အခါ ဟေရုဒ် မင်းကြီး သည် သင်းဝင် သူ  အချို့  တို့ကို ညှဉ်းဆဲ ခြင်းငှာစီရင် ၍၊  2  ယောဟန် ၏အစ်ကို ဖြစ်သော ယာကုပ် ကို ဓား  နှင့်ကွပ်မျက် လေ၏။  3  ယုဒ လူတို့သည် အားရ  ဝမ်းမြောက်ခြင်း ရှိ သည် ကို  မြင် လျှင်၊ အဇုမ  ပွဲနေ့ရက် တို့၌ တဖန်ထပ် ၍၊  4  ပေတရု ကိုလည်း  ဘမ်းဆီး ပြီးမှ၊ ပသခါ ပွဲလွန် လျှင် လူ  များတို့အား ထုတ်ပေး မည်အကြံ နှင့် အစောင့်အရှောက် စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ် ၍ ထောင် တွင် လှောင် ထားလေ၏။  5  ပေတရု သည်ထောင် ၌  အကျဉ်း နေရစဉ်၊ သင်းဝင် သူ တို့သည် သူ့  ဘို့ ကြိုးစား ၍ ဘုရားသခင် ကို ဆုတောင်း ဝတ်ပြုကြ၏။  6  ပေတရု သည် ဟေရုဒ် မင်းထုတ် ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ် စင်းနှင့် ချည်နှောင် ခြင်းကိုခံရလျက်၊ စစ်သူရဲ နှစ် ယောက်တို့အလယ် ၌ အိပ်ပျော် ၍၊ အစောင့်  များ တို့သည် ထောင် တံခါး ရှေ့ မှာ စောင့် နေကြ၏။  7  ထိုအခါထာဝရ ဘုရား၏ ကောင်းကင် တမန် သည် ပေါ်လာ လျှင်  ထောင်အိမ် ၌  အလင်း ထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု  ၏ နံဖေး  ကို ပုတ်ခတ် ၍ ၊ အလျင်အမြန် ထ လော့ဟု ဆို  လျက်ထ စေ ၏။ သံကြိုး သည်လည်းပေတရုလက် မှ ကျွတ် လေ၏။  8  ကောင်းကင် တမန်ကလည်း၊ သင် ၏ ခါးပန်းကို စည်း လော့။ ခြေနင်း ကိုလည်းစည်းလော့ဟုဆို လျှင် ၊ ဆိုသည်အတိုင်း  ပေတရုပြု ၏။ ဝတ်လုံ ကိုခြုံ ၍  ငါ့ နောက် သို့လိုက်လော့ဟုဆိုပြန်၏။  9  ပေတရုသည် ထွက် ၍လိုက် သော်လည်း ၊ ကောင်းကင်တမန်  ပြု သမျှတို့သည် မှန် သောအမှုအရာဖြစ် သည်ဟု မ  သိ မမှတ်ဘဲ၊ မိမိသည် ဗျာဒိတ် ရူပါရုံကို မြင် သည်ဟုထင် လေ၏။  10  လူစောင့် နှစ် တန်ကို လွန်သွား ၍  မြို့ ထဲသို့ ဝင် သော သံ  တံခါး သို့ ရောက် လျှင်၊ ထို  တံခါးသည် အလိုလို  ပွင့် သဖြင့် သူ  တို့သည်ထွက် ၍ လမ်း တစ် ကြောင်း၌ ရှောက်သွား ပြီးမှ ၊ ကောင်းကင်တမန် သည် ချက်ခြင်း ပေတရု မှ  ခွာ ၍ သွားလေ၏။  11  ပေတရု သည် သတိရလျှင်၊ ယခုပင် သခင် ဘုရားသည် မိမိ  ကောင်းကင် တမန်ကို စေလွှတ် ၍ ဟေရုဒ် မင်း လက် မှ ၎င်း ၊ ယုဒ  လူ တို့၏ မြော်လင့် ခြင်းမှ ၎င်း၊ ငါ့ ကိုကယ်နှုတ် တော်မူသည် ငါအမှန် သိ ၏ဟု အောက်မေ့ စဉ်၊  12  လူများ စုဝေး ၍  ဆုတောင်း ရာ၊ မာကု  အမည်  သစ်ကိုရသော ယောဟန် ၏အမိ ဖြစ်သော မာရိ  ၏ အိမ် သို့ရောက် ၍၊  13  အိမ်ဦးတံခါး ကိုခေါက် လေသော်၊ ရောဒေ  အမည်  ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင် ခြင်းငှာလာ ၍၊  14  ပေတရု ၏စကား အသံကိုသိ လျှင် ၊ ဝမ်းမြောက် သော အားဖြင့်တံခါး ကို မ  ဖွင့် ဘဲ အထဲ  သို့ပြေးဝင်၍၊ ပေတရု  သည် တံခါး ရှေ့မှာ ရပ် နေသည်ဟု ကြားပြော ၏။  15  ထိုသူ တို့က၊ သင်သည်အရူး ဖြစ်၏ဟု ထို မိန်းမငယ် အားဆို ကြသော်လည်း ၊ ပေတရုအမှန်  ရှိ သည်ဟု သူသည်ခိုင်မာ စွာဆိုလျှင်၊ ပေတရု  ၏ ကောင်းကင်တမန် ဖြစ် လိမ့်မည်ဟုဆို ကြ၏။  16  ပေတရု သည် ခေါက် ၍နေ သော်၊ တံခါးကို ဖွင့် ကြ၍  သူ့ ကိုမြင်  သဖြင့်  အလွန်တရာအံ့ဩ ကြ၏။  17  ပေတရုသည်လည်း ထိုသူ  တို့ကိုတိတ်ဆိတ် စွာ နေစေခြင်းငှာမိမိလက် နှင့် အမှတ်ပေး ၍  မိမိ ကို ထောင် ထဲက သခင် ဘုရားနှုတ် တော်မူသော အကြောင်းအရာကို ဘော်ပြ ပြီးမှ ၊ သင်တို့သွား၍ ယာကုပ် နှင့်  ညီအစ်ကို တို့အား  ဤ အကြောင်းများကို ပြန်ကြား ကြလော့ဟု ဆို  ပြီးလျှင်၊ ထွက် ၍အခြား တစ်ပါးသို့ သွား လေ၏။  18  မိုဃ်းလင်း သောအခါ စစ်သူရဲတို့သည် ပေတရု  ၌ အဘယ်သို့ ဖြစ် သနည်းဟု ရုန်းရင်းခတ် မျှ ဖြစ် ကြ၏။  19  ဟေရုဒ် မင်းသည် ပေတရု  ကိုရှာ ၍ မ  တွေ့ သည် ရှိသော်၊ စောင့်ရှောက် သောသူတို့ကို စစ်ကြော ပြီးမှသတ် မည်အကြောင်းကို စီရင် လေ၏။  20  ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ  ပြည်မှ  ကဲသရိ မြို့သို့ သွား ၍ နေ  သည်ရှိသော်၊ တုရု  မြို့သားနှင့်  ဇိဒုန်  မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု  အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ  တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။  21  ဟေရုဒ် မင်းသည်လည်းချိန်းချက် သောနေ့ ၌ မင်း မြောက် တန်ဆာ ကိုဝတ်ဆင် ၍ ပလ္လင် တော်ပေါ်မှာ ထိုင် လျက် ထိုသူ  တို့အား မိန့်  တော်မူ၏။  22  လူ များတို့က၊ ဤအသံသည်လူ ၏အသံ မ ဟုတ်။ ဘုရားသခင် ၏ အသံဖြစ်၏ဟု ကြွေးကြော် ကြသည် ရှိသော်၊  23  ထို မင်းကြီးသည် ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို မ  ထောက်ထား သောကြောင့် ၊ ထိုခဏခြင်း တွင် ထာဝရ  ဘုရား၏ ကောင်းကင်တမန် သည် ဒဏ်ခတ် ၍၊ ကိုယ်တွင်း၌ ပိုး  များကိုက်သဖြင့် အနိစ္စ  ရောက်လေ၏။  24  ဘုရားသခင် ၏ သာသနာ  တော်သည် တိုးပွား များပြား လာ၏။  25  ဗာနဗ နှင့်  ရှောလု တို့သည် လုပ်ကျွေး ခြင်းအမှုကို ဆောင်ရွက်ပြီး လျှင်၊ မာကု  အမည် သစ်ကိုရသော ယောဟန် ကိုလည်း ခေါ် ခဲ့၍ ယေရုရှလင် မြို့မှပြန် ကြ၏။