28
1 တဖန် မောရှေ အား ထာဝရဘုရား က၊ 2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ငါ ၏ပူဇော် သက္ကာကို၎င်း၊ ငါ့ အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှာမီး ဖြင့်ပြုသောငါ ၏ အစာ အာဟာရကို၎င်း၊ အချိန်တန် မှ ငါ့ အား ပူဇော် ခြင်းငှာ သတိပြု ရကြမည်။ 3 တဖန် ဆင့်ဆို ရမည်မှာ၊ နေ့ တိုင်းအစဉ်အမြဲ မီးရှို့ ရာယဇ်ဘို့၊ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို ထာဝရဘုရား အား မီး ဖြင့်ပူဇော် ရမည်။ 4 နံနက်ယံ ၌ သိုးသငယ် တ ကောင်၊ ညဦးယံ ၌ တ ကောင်ကို ပူဇော် ရမည်။ 5 သံလွင်သီးကို ထောင်း ၍ရသောသံလွင်ဆီ သုံး လောဃနှင့် ရော သော မုန့်ညက် တဩမဲကို လည်း ပူဇော်ရမည်။ 6 ဤရွေ့ကား၊ သိနာ တောင် ပေါ်မှာ စီရင် တော်မူ သည်အတိုင်း၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲ ပြု ရသောမီးရှို့ ရာယဇ်ဖြစ်သတည်း။ 7 သိုးသငယ် တ ကောင်နှင့်အတူ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည် သုံး လောဃကို ပူဇော်၍၊ သန့်ရှင်း ရာဌာန၌ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရား အား သွန်းလောင်း ရမည်။ 8 အခြား သော သိုးသငယ် ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍ မီး ဖြင့်ပူဇော်သော ယဇ်ကို ပြု ရမည်။ 9 နေ့ တိုင်း အစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ဥပုသ် နေ့ ရက်၌ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီ ရော သောမုန့်ညက် နှစ် ဩမဲကို၎င်း ပူဇော်ရမည်။ 10 11 လဆန်း တရက်နေ့၌ ၊ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ် ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။ 12 နွား တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် နှစ် ဩမဲ၊ 13 သိုးသငယ် တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် တ ဩမဲစီတည်းဟူသောဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရား အား မီး ဖြင့်ပူဇော်၍ မီးရှို့ ရာ ယဇ်ကို ပြုရမည်။ 14 သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည်ခြောက် လောဃ၊ သိုး တကောင်နှင့် လေး လောဃ၊ သိုးသငယ် တကောင်နှင့် သုံး လောဃ ကို ပူဇော်ရမည်။ ထိုသို့ လ တိုင်း အစဉ်မပြတ်မီးရှို့ ရာ ယဇ်ကို ပူဇော်ရမည်။ 15 နေ့ တိုင်းအစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ အပြစ် ဖြေရာ ယဇ်ဘို့ ထာဝရဘုရား အား ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော် ရမည်။ 16 ပဌမ လ တဆယ် လေး ရက် နေ့၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။ 17 ၎င်း လ တဆယ် ငါး ရက် နေ့၌ ပွဲ ကိုခံရမည်။ ခုနစ် ရက် ပတ်လုံးတဆေးမဲ့ မုန့်ကို စား ရကြမည်။ 18 ပဌမ နေ့ ၌ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ 19 ထာဝရဘုရား အား မီး ဖြင့်ပြုသောယဇ်တည်းဟူသောအသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။ 20 နွား တကောင်လျှင် ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊ 21 သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြု ရမည်။ 22 အပြစ် ဖြေခြင်းကို ပြုအံ့သောငှာ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် တ ကောင်ကိုလည်း ပူဇော်ရမည်။ 23 နေ့ ရက်အစဉ် နံနက် တိုင်းပူဇော်သော မီးရှို့ ရာ ယဇ်မှတပါး ၊ ထို ယဇ်များကို ထပ်၍ပူဇော် ရမည်။ 24 ထိုသို့ အစဉ်အမြဲ ပူဇော် သောမီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာအစာ အာဟာရကို ပူဇော် ရမည်။ 25 သတ္တမ နေ့ ၌ လည်း ၊ ဓမ္မ စည်းဝေးခြင်းကို ပြု ရ မည်။ လောကီ အလုပ်ကို မ လုပ် ရ။ 26 ထိုမှတပါး ၊ သိတင်း ခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ် ကို ထာဝရဘုရား ထံ တော် သို့ ဆောင် ခဲ့သောနေ့၊ အဦး သီးသောအသီး နေ့ ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ 27 ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။ 28 နွား တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင် နှစ် ဩမဲ၊ 29 သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရမည်။ 30 အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။ 31 ထိုသို့ အစဉ်အမြဲ ပူဇော်သော မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ ၊ အပြစ် မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော် ရမည်။