114
ပသခါပွဲတော်သီချင်း 
 1 ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် 
နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊✡ ထွ၊ ၁၂:၅၁။ 
 2 ယုဒအမျိုးသားတို့သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်သောလူစုတော်ဖြစ်လာကြ၏။ 
ဣသရေလအမျိုးသားတို့သည်ကိုယ်တော် ပိုင်တော်မူသောလူစုတော်ဖြစ်လာကြ၏။ 
 3 ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ 
ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။✡ ထွ၊ ၁၄:၂၁။ ယောရှု၊ ၃:၁၆။ 
 4 တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ 
တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။ 
 5 အချင်းပင်လယ်၊သင်သည်အဘယ်ကြောင့် ထွက်ပြေးပါသနည်း။ 
အချင်းယော်ဒန်မြစ်၊သင်သည်အဘယ်ကြောင့် မစီးဘဲရပ်တန့်ပါသနည်း။ 
 6 တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ 
တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။ 
 7 အချင်းမြေကြီး၊ယာကုပ်၏ဘုရား၊ 
ထာဝရဘုရားကြွလာတော်မူချိန်၌ ရှေ့တော်တွင် တုန်လှုပ်လျက်နေလော့။ 
 8 ကိုယ်တော်သည်ကျောက်တောင်ကိုရေအိုင်၊ ကျောက်ဆောင်ကိုစမ်းချောင်းဖြစ်စေတော် မူ၏။✡ ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။